ကြီးကျယ်ခမ်းနားတဲ့အရာတိုင်းက
တစ်နှစ်၊ နှစ်နှစ်နဲ့ ဖြစ်လာတာမဟုတ်ဘူး။
ဘဝဆိုတာ သတေဲ့အထိ
ကစားရမည့် ဂိမ်းတစ်ခုပဲ။
တချို့ နှစ်တွေက တစ်နှစ်တစ်နှစ်
တိုးတက်မှုက ပုံမှန်ထက်
ငါးဆ၊ ဆယ်ဆ ဖြစ်ကောင်းဖြစ်လိမ့်မယ်။
တချို့နှစ်တွေက ဒုံရင်းဒုံရင်ဖြစ်လိမ့်မယ်။
တချို့နှစ်တွေက ရှိထားတဲ့နေရာကို
ထိန်းထားရတာမျိုးဖြစ်ကောင်းဖြစ်မယ်။
အရေးကြီးတာက စိတ်ရှည်ဖို့ပဲ။
ကိုယ့်ရဲ့အိမ်မက်တွေအတွက်
စိတ်ရှည်ဖို့လိုတယ်။
အိမ်မက်တွေ ရှင်သန်နေဖို့လိုတယ်။
ဒါမှ ဘဝက အဓိပ္ပာယ်ရှိမှာ။
Phyo Paing @ Derek