ပညာတွေ အများကြီးသင်ထားပြီး
ကိုယ့်ပြဿနာတောင် ကိုယ်မဖြေရှင်းနိုင်ရင်
အဲ့ဒီပညာက ဘာအတွက်လဲ။
ပညာသင်တဲ့ ရည်ရွယ်ချက်က
Certificate ရဖို့သက်သက် မဟုတ်ဘူး။
ပြဿနာဖြေရှင်းဖို့။
ကိုယ့်ဘဝမှာ ကြုံနေရတဲ့
စိတ်ပိုင်းဆိုင်ရာ၊ အလေ့အကျင့်၊
အချစ်၊ ငွေကြေး၊ ဘဝဦးတည်ချက်
ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့
Personal Development လိုတယ်။
သူများရဲ့ပြဿနာကို
ကိုယ့်အတတ်ပညာနဲ့ ဖြေရှင်းပေးပြီး
အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့
Professional Development လိုတယ်။
ကိုယ့်လုပ်ငန်းရဲ့ပြဿနာကို ဖြေရှင်း၊
ဈေးကွက်မှာရှိတဲ့ ပြဿနာကိုရှာ၊
အဲ့ဒီပြဿနာကို Product နဲ့ဖြစ်ဖြစ်၊
Service နဲ့ဖြစ်ဖြစ် ဖြေရှင်းပေးပြီး
တန်ဖိုးဖန်တီးနိုင်ဖို့
Business Development လိုတယ်။
ဒါကြောင့်
ပညာတစ်ခု မသင်ခင်
“ဘာသင်ရမလဲ” လို့ အရင်မမေးနဲ့။
“ငါ ဘာပြဿနာကို ဖြေရှင်းချင်တာလဲ”
လို့ အရင်မေး။
ပြီးရင်—
ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့
ဘယ်လိုလူဖြစ်ဖို့လိုသလဲ။
အဲ့ဒီလိုလူဖြစ်ဖို့
ဘယ်လိုတွေးတတ်ဖို့လိုသလဲ။
အဲ့ဒီလိုတွေးနိုင်ဖို့
ဘာတွေသိဖို့လိုသလဲ။
တကယ်ဖြေရှင်းနိုင်ဖို့
ဘာအတတ်ပညာတွေ တတ်ဖို့လိုသလဲ။
ဒီကနေမှ
ကိုယ်သင်ရမယ့်ပညာက ရှင်းလာတယ်။
ပြောတဲ့သူကပြော၊
ကိုယ်ကနားထောင်၊
မှတ်စုလေးမှတ်၊
ပြီးရင် အိမ်ပြန်သွားတာကို
ပညာသင်တယ်လို့ မခေါ်ဘူး။
တကယ်သင်ယူတယ်ဆိုတာ—
ရည်မှန်းချက်ရှိတယ်။
မေးခွန်းမေးတယ်။
အဖြေရှာတယ်။
လက်တွေ့သုံးကြည့်တယ်။
ရလဒ်ကို ပြန်ကြည့်တယ်။
မအလုပ်ဖြစ်ရင် ပြန်ပြင်တယ်။
ပြီးရင် ထပ်စမ်းတယ်။
Learn → Apply → Feedback → Improve
ဒီ Loop ပတ်နေတာကမှ
တကယ်သင်ယူနေတာ။
နောက်ဆုံးမှာ
ပညာတတ်တယ်ဆိုတာ
သိတာများတာ မဟုတ်ဘူး။
ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းနိုင်တယ်။
သူများပြဿနာကို ကူဖြေရှင်းပေးနိုင်တယ်။
နောက်ဖြစ်လာမယ့်ပြဿနာကိုပါ
ကြိုမြင်ပြီး ပြင်ဆင်နိုင်တယ်။
ဒါက ပညာရဲ့ တန်ဖိုးပဲ။
Phyo Paing @ Derek