စကားလုံးတွေမှာ ပါဝါရှိတယ်။
စကားလုံးတွေက
မနောကံနဲ့
ဝစီကံဖြစ်စေပြီး
ကာယကံကိုလဲ နှိုးဆွတယ်။
ကောင်းမွန်းတဲ့ဘဝ တည်ဆောက်ဖို့
ကိုယ်တိုင်ပြောနေတဲ့စကားလုံးတွေကို
ပြန်ပြီး ဂရုစိုက်ရတယ်။
ကိုယ့်ရဲ့ ပါဆန်နယ် ပြောနေကျ
စကားလုံးတွေက ဘာတွေလဲ။
ကာယကံ၊ ဝစီကံ၊ မနောကံကို
ကောင်းတဲ့နည်းနဲ့ နှိုးဆွပေးတဲ့စကားလုံးလား။
ကံခေစေမည့် စကားလုံးလား။
ကိုယ့်ဘဝ၊ ကိုယ့်ကံ၊
အတွေး၊ အကြံ၊ အလုပ်နဲ့ပဲ
ဖိတ်ခေါ်တတ်ကြတယ်။
ကံခေတဲ့ဘဝက လွတ်ဖို့
ကာယကံ၊ ဝစီကံ၊ မနောကံကို
ဂရုစိုက်ပြင်။
ဒါကို ပြင်ဖို့
အတွေး၊ အကြံ၊ အလုပ်ကို ဂရုစိုက်။
Phyo Paing @ Derek