ဘဝမှာ အခက်အခဲဆုံး
ကျော်လွှားရတာတစ်ခုက
ကိုယ့်ကိုကိုယ် ဝေဖန်တာ။
တစ်သက်လုံးဝေဖန်ခံခဲ့ရတဲ့
အတိတ်ကို မေ့ပြီး
ကိုယ့်ကိုကိုယ် self-esteem မြင့်
ယုံကြည်မှုတည်ဆောက်ဖို့
တော်တော်ပြန်ကြိုးစားယူရတယ်။
လူတွေနဲ့စကားပြောပြီးတိုင်း
ငါမှားသွားပြီလား
ကိုယ့်ကိုကိုယ် ဝေဖန်အပြစ်တင်စိတ်။
တစ်ခုခုဆို သူတပါးထက်
ကိုယ့်ကိုကိုယ် အပြင်တင်လိုစိတ်က
တော်တော် ဆိုးကျိုးပေးတယ်။
ကိုယ့်အလှည့်သားသမီးတွေကို
ဆုံးမတဲ့အခါ
အပြစ်တင်တာမျိုးမဟုတ်ပဲ
အပြုသဘောဆောင်ပြီး
self-esteem ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးတတ်ဖို့
ယုံကြည်တတ်ဖို့ အမြဲကြိုးစားဖြစ်တယ်။
Phyo Paing @ Derek