သေချာမှ လုပ်မယ်ဆိုရင်
ဘယ်တော့မှ စဖြစ်မှာ မဟုတ်ဘူး။
ဘဝမှာ ဘာမှ မသေချာဘူး။
ဒီနေ့ မှန်တဲ့ ဆုံးဖြတ်ချက်က
မနက်ဖြန် မှားသွားနိုင်တယ်။
ဒီနေ့ အလုပ်ဖြစ်တဲ့ နည်းလမ်းက
နောက်နှစ် အလုပ်မဖြစ်တော့တာမျိုး ရှိတယ်။
အနိစ္စဆိုတာ ဒါပဲ။
အရာရာ ပြောင်းလဲနေတယ်။
ပြောင်းလဲနေတဲ့ လောကကြီးမှာ
မပြောင်းလဲမယ့် အဖြေကို လိုက်ရှာနေရင်
အချိန်ပဲ ကုန်သွားမယ်။
ကျွန်တော်တို့ လိုအပ်တာ
သေချာမှု မဟုတ်ဘူး။
ရှင်းလင်းမှု။
ဘာလိုချင်လဲ သိဖို့လိုတယ်။
ဘာလုပ်နိုင်လဲ သိဖို့လိုတယ်။
ဘာကို မသိသေးလဲ သိဖို့လိုတယ်။
အားလုံးသိမှ စလုပ်ရတာ မဟုတ်ဘူး။
သိသလောက်နဲ့ စလုပ်။
လုပ်ရင်း သင်ယူ။
သိလာတာနဲ့ ပြန်ပြင်။
မသေချာတာကို လက်ခံတယ်ဆိုတာ
မစဉ်းစားဘဲ လုပ်တာ မဟုတ်ဘူး။
သေချာအောင် စဉ်းစားတယ်။
ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်း သေချာဖို့ မစောင့်ဘူး။
ဘဝမှာ သေချာမှုကို ရှာနေတာထက်
မသေချာမှုနဲ့ နေတတ်ဖို့က ပိုအရေးကြီးတယ်။
Phyo Paing @ Derek