Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

intentional living လုပ်မှပဲဘဝက ပိုပိုကောင်းလာမယ်။

ဘဝဆိုတာ စနစ်တစ်ခုပဲ။
ဘဝမှာ အဖြစ်ရှိဖို့
စနစ်တစ်ခုတော့လိုတယ်။

ထပ်ခါထပ်ခါ လည်ပတ်နေတဲ့
ဖြစ်စဥ်ကို စနစ်လို့ခေါ်တယ်။
လူတိုင်းသိသိမသိသိ
နေ့စဥ် ထပ်ခါထပ်ခါလုပ်နေရတာတွေရှိတယ်။
မနက်ထ မျက်နှာသစ်၊ သွားတိုက်တာကစလို့၊
အိမ်သာတက်၊ ရေချိုး၊
ဝတ်မည့်အင်္ကျီရွေးချယ်တာကစလို့၊
ဘယ်လိုအစားအစာစားမလဲ၊
ဘယ်မှာနေထိုင်မလဲ၊
ဘယ်လိုလူတွေနဲ့ပေါင်းမလဲ၊
ဘယ်လို အသက်မွေးမလဲ၊
တစ်ရက်တာကို ဘယ်လိုအသုံးချမလဲ
ရွေးချယ်စရာအများကြီးဖြစ်တယ်။

အလုပ်ဖြစ်ဖို့က
နေသလိုဖြစ်တဲ့ဘဝကို
ဖြစ်သလိုမနေပဲ
intentional living လုပ်မှပဲ
ဘဝက ပိုပိုကောင်းလာမယ်။
အိန္ဒြေရှိရှိ အိုမင်းအသက်ရှင်နိုင်မယ်။

Phyo Paing @ Derek

Share Your Idea!​