Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Scale

Scale မရှိဘဲ သူဌေးမဖြစ်ဘူး။
Scale ဆိုတာ ချဲ့ထွင်နိုင်စွမ်း။
လူများများကိုရောင်းလေ
ကုန်ကျစရိတ်နည်းသွားလေ
ဒါကို Scale လို့ခေါ်တယ်။

များများထုတ် များများရောင်းနိုင်လို့
ကုန်ကျစရိတ်သက်သာသွားတာ။
များများကြော်ငြာနိုင်လို့
လူများများသိ များများဝယ်
တစ်ယောက်ချင်းလာဝယ်ယူမှု
ကြော်ငြာစရိတ်နည်းသွားတာ။
လူများများခန့်၊ အလုပ်များများပြီး
စီမံခန့်ခွဲမှုကုန်ကျစရိတ်သက်သာသွားပြီး
အမြတ်ငွေတိုးလာတာ။
နည်းပညာအသုံးချနိုင်မှုကြောင့်
ကုန်ကျစရိတ်ကျသွားပြီး
ထုတ်လုပ်မှုမြင့် အမြတ်များလာ။
ဆိုင်များများဖွင့်
လူများများဝယ်တဲ့အတွက်
အမြတ်များများရတာ။

ဒီလိုလုပ်ဖို့လုပ်ငန်းက
အဆင့်သုံးဆင့်ကိုဖြတ်သန်းခဲ့ရတယ်။

စတင်ခြင်း start
ကြီးထွားခြင်း speed up
စနစ်ချခြင်း Systemize

ပြီးမှ
ချဲ့ထွင်ခြင်း scale
ရှယ်ယာအများပြည်သူကိုရောင်းချခြင်ရ sell

စီးပွါးရေးလုပ်တဲ့အခါ
စီးပွါးရေးပညာသင်ယူဖို့လိုတယ်။
မားကတ်တင်းလုပ်တဲ့အခါ
မားကတ်တင်းပညာသင်ယူဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​