Work smart ဆိုတာ ငပိန်းတွေကို
ပြောလို့သိပ်ကောင်းတဲ့စကားလုံးမျိုး။
Work hard ထက် work smart
အရေးပိုကြီးတယ်နော်။
ဘာညာသာရကာပြောတဲ့အခါ
အားလုံးက ဟုတ်တယ်လို့
ပြိုင်တူထောက်ခံကြလိမ့်မယ်။
ငယ်ငယ်တုန်းကလဲ ကိုယ်က
အဲ့ဒီ ထောင်ချောက်ထဲ ရောက်ခဲ့ဖူးတယ်။
တကယ်တမ်းက
work hard လုပ်မှ ဘယ်လို work smart
လုပ်ရမလဲ ပိုသိလာတာမျိုး။
ဥပမာ video editing ဆိုပါတော့
ကျွန်တော်က software ပေါင်းမျိုးစုံကို
မသုံးဖူးရင်၊
သုံးဖူးရင်တောင် ထဲထဲဝင်ဝင်နဲ့
အချိန်ကြာကြာ တစ်ခုတည်းမသုံးဖူးရင်
ဘယ်လို work smart လုပ်ရမလဲ
သိချင်မှ သိလိမ့်မယ်။
Work smart ဆိုတာ work hard လုပ်ရင်းမှ
အကြံပိုရလာတာမျိုး။
မေးရမည့်မေးခွန်းက
ငါဒီနေ့လုပ်နေတဲ့ အလုပ်ကို
ပိုမြန်၊ ပိုလွယ်၊ ပိုကောင်းအောင်
ဘယ်လိုလုပ်လို့ရမလဲ။
ဒီမေးခွန်းပြန်မေးကြည့်ပါ။
အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။
လုပ်နေရင်း ပြန်မေးပါ။
ငါလုပ်နေတဲ့အလုပ်က
တကယ်လုပ်ဖို့လိုအပ်သလား။
လုပ်ဖို့တကယ်လိုအပ်ရင်
ငါဒီနေ့လုပ်နေတဲ့ အလုပ်ကို
ပိုမြန်၊ ပိုလွယ်၊ ပိုကောင်းအောင်
ဘယ်လိုလုပ်လို့ရမလဲ။
ဒီမေးခွန်းပြန်မေးကြည့်ပါ။
Work hard > Work smart
Phyo Paing @ Derek