ဘဝဟာ ခဏပါ။
ဒီခဏတာဘဝကို
သာမညအဖြစ်နဲ့
ဖြတ်သန်းသွားဖို့က
သဘာဝမကျဘူးလို့ ထင်တယ်။
လူတိုင်းမှာ
ကိုယ်ပိုင် ပါရမီတစ်ခုခု ရှိတယ်။
အဲဒီပါရမီကို
အသုံးမချဘဲ
လောကထဲက ထွက်သွားတာက
နှမြောစရာပဲ။
ကျွန်တော်ကတော့
လူတစ်ယောက်ရဲ့ ဘဝကို
ဒီအဆင့် (၃) ဆင့်နဲ့ ကြည့်တယ်။
၁။ ကိုယ့်ပါရမီကို ကိုယ်တူးဖော်ပါ။
ကိုယ်ဘာကို သဘာဝကျကျ လုပ်နိုင်လဲ။
ကိုယ်ဘာလုပ်ရင် အချိန်မေ့သွားလဲ။
ကိုယ်ဘယ်လို တန်ဖိုးပေးနိုင်လဲ။
၂။ ကိုယ့်ပါရမီကို နေ့စဉ် ဖြည့်တင်းပါ။
စာဖတ်ပါ။
လေ့ကျင့်ပါ။
စမ်းသပ်ပါ။
အတွေ့အကြုံယူပါ။
ပါရမီက
လေ့ကျင့်မှုနဲ့ပဲ ကြီးထွားတယ်။
၃။ လူတွေအတွက် အသုံးဝင်အောင် လုပ်ပါ။
ပါရမီက
ကိုယ့်အတွက်ပဲ မဟုတ်ဘူး။
လူတွေရဲ့ ပြဿနာကို
ဖြေရှင်းပေးနိုင်တဲ့အခါ
အဲဒီပါရမီက
တန်ဖိုးဖြစ်လာတယ်။
ဘဝက ခဏပဲ။
ဒါကြောင့်
ကိုယ့်ပါရမီကို
ရှာဖွေပါ။
ဖွံ့ဖြိုးအောင်လုပ်ပါ။
လူတွေအတွက် အသုံးဝင်အောင် အသုံးချပါ။
ဒါမှ
ဘဝက အဓိပ္ပာယ်ရှိလာမယ်။
Phyo Paing @ Derek