လူတစ်ယောက်နဲ့ တွေ့လိုက်တဲ့အခါ
ဘဝကြီး အဓိပ္ပာယ်ပိုရှိလာတာမျိုး
ကြုံဖူးလား?
ကိုယ့်ရဲ့ကလေးဖြစ်ရင်ဖြစ်မယ်၊
ချစ်သူ၊ ရည်းစား၊ လင်မယားဖြစ်ရင်ဖြစ်မယ်၊
သူငယ်ချင်းတစ်ယောက်ဖြစ်ရင်ဖြစ်မယ်၊
ကိုယ့်ကို အလင်းဖွင့်ပေးတဲ့
သူတစ်ယောက်ဖြစ်ရင်ဖြစ်မယ်။
ဒါက ဘဝရဲ့ အဓိပ္ပာယ်ကိုရှာဖွေတဲ့
ပထမနည်း။
ဒုတိယနည်းကတော့
အရာတစ်ခုခုကို ဖန်တီးရင်း
ဘဝရဲ့ အဓိပ္ပာယ်ကို ရှာတာ။
ပညာရပ်တစ်ခု၊ ကောင်းမှုတစ်ခု၊
လူတွေကို ကူညီချင်တာတစ်ခုပေါ်မှာ
ပေးဆပ်ပြီး ဘဝအဓိပ္ပာယ်ရှာတာ။
တတိယတစ်ခုကတော့
ဘဝကို ပေးဆပ်ပြီး ဘဝအဓိပ္ပာယ်ရှာတာ။
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပေးဆပ်ပြီး
သတ္တဝါတွေ ကယ်တင်ဖို့ဆိုတာမျိုး။
ဒီနေ့အောင်မြင်တဲ့ စင်္ကာပူဖြစ်လာတယ်။
ဘာတွေပေးဆပ်လိုက်ရလဲ?
ငါ့ဘဝတစ်ခုလုံးပေါ့တဲ့
သူဖြစ်ချင်တဲ့ ရှေ့နေအလုပ်ကိုစွန့်ပြီး
သူ့နိုင်ငံကလူတွေ မလေးရှားက
ခွဲထုတ်လိုက်လို့ ဒုက္ခရောက်နေတာမကြည့်ရက်လို့
နိုင်ငံရေးထဲ ဝင်ခဲ့တဲ့ လီကွမ်းယူ။
Phyo Paing @ Derek