တစ်ရက်တစ်ရက်ကို
စုဗူးတစ်ခုလိုပဲ စဥ်းစားကြည့်တယ်။
ကိုယ်ထိန်းချုပ်နိုင်တဲ့အရာက
တစ်ခုပဲရှိတယ်။
ကိုယ့်ရဲ့ မိနစ်၊ စက္ကန့်တိုင်းကို
ဘယ်လို အသုံးချမလဲ။
စိတ်ညစ်စရာတွေကို တွေးပူပြီး
ဒီအတိုင်း နေမလား။
ကိုယ့်အတွက် အကျိုးမရှိတဲ့
အတွေးအခေါ်တွေကိုဖယ်ပြီး
ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊
တိုးတက်ရေး၊ ကိုယ့်သမိုင်းပေးတာဝန်၊
မိသားစုအရေးနဲ့ ဘဝအရေးအတွက်
မိနစ်၊ စက္ကန့်တိုင်းကို အကောင်းဆုံး
အသုံးချ မလား။
ဒုတိယတစ်ခုပဲ လုပ်ဖို့အမြဲစဥ်းစားတယ်။
နေ့စဥ်တိုင်းက စုဗူးပဲ။
လောကီမှာ ခပ်ကြီးကြီးကျယ်ကျယ်ပြောရရင်
လောကုတ္တရာမှာ ပါသွားဖို့
နေ့စဥ်က စုဗူးပဲ။
Phyo Paing @ Derek