ဒီရက်ပိုင်း အသိတွေတွေ့တော့
“ဘူကောင်တွေကိုရှောင်” ဆိုတဲ့
စကားကို အရမ်းကြိုက်တယ်လို့
တစ်ယောက်ပြီး တစ်ယောက်
လာပြောကြတယ်။
ဘူကောင်ကို တိုတိုနဲ့ လိုရင်းချုပ်ရရင်
“ဘေးထိုင် ဘုပြောနေတဲ့သူ = ဘူကောင်” ပဲ။
သူ့ရဲ့ criteria တွေကိုတော့
infographics နဲ့ လုပ်ထားပေးတယ်။
လောကမှာ “ကိုယ်ဘာလိုချင်တာလဲ” ဆိုတာ
အဓိက စဥ်းစားနေဖို့လိုတယ်။
မလိုချင်တာ ပြဿနာတွေပဲ
ထိုင်စဥ်းစားနေရင် ပြီးမှာ မဟုတ်ဘူး။
လိုချင်တာရအောင်
“အလွယ်ဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး”
ဘယ်လို လုပ်မလဲ စဥ်းစားဖို့လိုတယ်။
ဒါကြောင့် ဘေးထိုင်ဘုပြောတာ ဟာ
အဖြေ မဟုတ်ဘူး။
တချို့ဘူကောင်တွေက ပြင်ပေးလို့ရတယ်။
တချို့ဘူကောင်တွေက သူတို့ကိုယ်သူတို့
ဘူလို့ ဘူနေမှန် မသိဘူး။
တချို့ဘူကောင်တွေက ဘူမှန်းသိတယ်။
ဒါပေမယ့် ဘူတဲ့ အရသာကို ကြိုက်တဲ့
ဗြိဿာလို့ ဘူတောထဲက ရုန်းထွက်မရဘူး။
ဒါကြောင့် တိုတိုနဲ့လိုရင်း definition ကတော့
“ဘေးထိုင်ဘုပြောသူကို ဘူကောင်ဟုခေါ်သည်။”
ဘူသုံးမျိုးရှိတယ်။
၁။ ဘူရိုး
သူကတော့ ရိုးသားတယ်။
သူ့အရှိအတိုင်း ဖော်ပြတယ်။
ဟန်ဆောင်မှုမရှိဘူး။
ဘူတာကို ဘူတာပြောတယ်။
သူများ ဒုက္ခမပေးဘူး။
၂။ အတွင်းဘူ
လူတွေရှေ့ပြုံးပြ၊
ချစ်စရာကောင်းအောင်နေတယ်။
အပြင်မှာပြတဲ့ ပုံရိပ်နဲ့
အတွင်းဘူ မတူဘူး။
တဖြည်းဖြည်းပေါင်းတာကြာမှ
သိလာတတ်တယ်။
၃။ ဘူကြမ်း
သူကတော့ အတွင်းလဲဘူ။
အပြင်လဲ ဘူ။
တွေ့အမျှ အရာရာဘူ။
တခြားနေရာစုံသွားပြီး
သူ့ရဲ့ ဘူဋီကာ (Bunika) ကိုဖြန့်ချီ။
ဘူဂိုဏ်ကို တည်တောင်။
ဒီမှာ အားပေးမှုရတဲ့အတွက်
ဘူဂိုဏ်ချုပ်ဖြစ်သွားသူနဲ့။
အားပေးမှုမရပဲ
တစ်ယောက်ထဲ ပတ်ရမ်းတဲ့
ဘူတစ်ကိုယ်ရည်ဖြစ်နေတတ်တယ်။
ဘူတိုင်းက ပြောင်းလဲလို့ရပါတယ်။
ကျွန်တော်လဲ အရင်က
ဘူကောင်ကို ဖြစ်လို့မသိ
ဖြစ်ခဲ့ဖူးတယ်။
နောက်ပိုင်းမှာ စာတွေဖတ်
ကိုယ့်ကိုကိုယ် သုံးသပ်မိပြီး
ဘူတောထဲက လွတ်မြောက်ခဲ့တယ်။
Phyo Paing @ Derek