Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့
ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့

ဒီနေ့ အိမ်ထောင်ရေးစာအုပ်ဖတ်တော့
စာအုပ်ရေ နှစ်သန်းကျော်ရောင်းရပြီးဖြစ်တဲ့
Willard F. Harley ရဲ့
His needs, Her needs ကိုသွားတွေ့တယ်။

အိမ်ထောင်ဇာတ်ကားလဲနာမည်ကြီးနေတော့
အားတီ၊ အားမေတို့အတွက်
နည်းနည်းပြန်မျှဝေကြည့်မယ်နော်။

အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့
ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့။

သူ counselling လုပ်ခဲ့တဲ့အတွေ့အကြုံတွေကနေ

အိမ်ထောင်ရေးတစ်ခုသာယာဖို့
ယောကျာ်းတစ်ယောက်ဆိုရင်

၁။ Affection အမျိုးသမီးကို ချစ်မြတ်နိုးကြောင်း
ပြသမှုတွေလိုတယ်တဲ့။
ပန်းပေးတာ၊ လက်ဆောင်ပေးတာ၊
စကားလုံးတွေနဲ့ ချီးမွမ်းတာ၊
ဖက်တာ၊ နမ်းတာ နေ့စဥ်တွေ့တိုင်း
ချစ်ကြောင်းပြသဖို့လိုတယ်တဲ့။

၂။ Conversation အချိန်တစ်ခုပေးပြီး
သူ့အကြောင်း၊ ကလေးတွေအကြောင်း
နားထောင်ပေးဖို့လိုတယ်။
အကဲဖြတ်အကြံပေးချင်စိတ်ကိုဖျောက်။
သူ့ခံစားချက်တွေကို သေချာနားထောင်ပေးတဲ့။

၃။ Honesty and Openness
စိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း
ပြောပြဖို့လိုတယ်တဲ့။
ဘယ်နေ့မှာဘာလုပ်စရာရှိတယ်။
ဘယ်သွားစရာရှိတယ်။
ကိုယ့်ရဲ့ ကောင်းတဲ့ခံစားချက်၊​
ဆိုးတဲ့ခံစားချက်၊ အတိတ်ကအကြောင်း၊
အနာဂတ်ရည်မှန်းချက်တွေကိုလဲ
ပြောပြထားဖို့လိုတယ်။
ဒါမှ တခုခုဆို အံ့အားသင့်မှုမဖြစ်စေမှာတဲ့။

၄။ Financial support ငွေကြေးထောက်ပံ့မှု။
တကယ်လို့ အမျိုးသားအနေနဲ့
အိမ်ထောင်မှုဆိုင်ရာငွေကြေးအားလုံးကို
တစ်ယောက်တည်း ထောက်ပံ့မှုမလုပ်နိုင်ရင်
မရှိမဖြစ်လိုအပ်တာတွေအကုန်လုံးအတွက်
ထောက်ပံ့မှုပေးပြီး ကိုယ့်ရဲ့ကျွမ်းကျင်မှုကို
တိုးတက်အောင်လုပ်ပြီး ငွေရှာနိုင်စွမ်းကို
မြင့်တင်သင့်တယ်။
တကယ်လို့ ကိုယ်ရဲ့ ဝင်ငွေနဲ့မလောက်လို့
အမျိုးသမီးက သူအလုပ်လုပ်ချင်တယ်ဆို
သူစိတ်ဝင်စားတဲ့ အလုပ်လုပ်ဖို့
ခွင့်ပြုဖို့လိုတယ်။
ဒါပေမယ့် အမျိုးသမီးဝင်ငွေနဲ့
မိသားစုအသုံးစရိတ်မလုပ်ပါနဲ့တဲ့။

၅။ Family commitment
မိသားစုမှာ သားသမီးတွေရဲ့
ပညာရေးနဲ့ပတ်သက်လို့၊
ဘယ်လိုပုံစံမျိုး ပြုစုပျိုးထောင်ပေးမယ်ဆိုတာနဲ့
ပတ်သက်လို့ ဆွေးနွေးဖို့၊
သားသမီးကို စိတ်ဓာတ်ပိုင်ဆိုင်ရာ
လေ့ကျင့်ပေးမှုမှာ အချိန်ပေးဖို့လိုတယ်တဲ့။

အိမ်ထောင်ရေးတစ်ခုသာယာဖို့
အမျိုးသမီးတစ်ယောက်အနေနဲ့

၁။ Sexual fulfillment
ယောကျာ်းနဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး
နှစ်ယောက်စလုံးရဲ့ လိုအပ်ချက်ကိုလေ့လာပြီး
နှစ်ယောက်သား ကောင်းမွန်ပြီး
သာယာတဲ့ အိမ်ထောင်ရေးဘဝတည်ဆောက်ဖို့
လုပ်ဆောင်ဖို့လိုတယ်တဲ့။

(ဒီအချက်က Men are from Mars,
Women are from Venus ထဲမှာ
John Grey ပထမဆုံးပြောတဲ့
အမျိုးသမီးတွေက ချစ်ခြင်းမေတ္တာလိုတယ်၊
အမျိုးသားတွေက sex လိုတယ်ကို
အခြေခံထားတယ်လို့ယူဆတယ်။)

၂။ Recreational companionship
အတူတကွပျော်ရွင်လို့ရမည့်
အနားယူလို့ရမည့် ရင်ခုန်စရာ
လုပ်ဆောင်မှုတွေလိုတယ်။
တကယ်လို့ယောကျာ်းက
ဘောလုံးပွဲစိတ်ဝင်စားရင်
အမျိုးသမီးကလဲ စိတ်ဝင်စားရင်
အဆင်ပြေသလိုမျိုး။
တကယ်လို့ ဒီလို အပန်းဖြေမှုအတွက်
စိတ်ဝင်စားတာမတူရင်
တူညီတဲ့ အရာတစ်ခုကိုရှာဖွေလုပ်ဆောင်တာမျိုး။
အမျိုးသားအပျော်ရွင်ဆုံးအရာတွေမှာ
အမျိုးသမီးအနေနဲ့ ပါဝင်တဲ့အတွက်
ကောင်းမွန်တဲ့ခံစားချက်တွေနဲ့
အမျိုးသမီးနဲ့ ဆက်စပ်မိနေတာမျိုးဖြစ်သွားမယ်။​

၃။ Physical attractiveness
ခန္ဓာကိုယ်ဆွဲဆောင်မှုရှိဖို့အတွက်
အစားအသောက်ဆင်ခြင်တာ၊
လေ့ကျင့်ခန်းလုပ်တာလုပ်ဖို့လိုတယ်။
မိတ်ကပ်တွေ၊ အလှအပတွေလိုတယ်။
အမျိုးသားအနေနဲ့ နှစ်ယောက်တည်းရှိတဲ့
အချိန်ဆွဲဆောင်မှုရှေ့ပြီး၊
လူရှေ့သူရှေ့ကို ကိုယ့်ကိုဂုဏ်ယူပြီး
ပွဲထုတ်ချင်တဲ့နေမှာ။

၄။ Domestic support
အမျိုးသားတစ်ယောက်ရဲ့ ဘဝက
စိတ်ဖိဆီးမှုတွေများနေနိုင်တယ်။
ဒါကြောင့် လိုအပ်တဲ့ အိမ်မှုကိစ္စတွေမှာ
တာဝန်ယူဖြည့်ဆည်းပေးပြီး
ယောကျာ်းကို အိမ်ပျော်အောင်လုပ်
အိမ်မှာ အချိန်ပေးနိုင်ဖို့လုပ်ဆောင်ဖို့လိုတယ်။

၅။ Admiration လေးစားအားကျ
အသိအမှတ်ပြုပေးဖို့လိုတယ်။
အမျိုးသမီးအနေနဲ့ ကိုယ့်အမျိုးသားကို
သူ့ဘဝကို သူ့ကိုအနားလည်ဆုံး၊
သူ့ဖြစ်တည်မှုကိုဂုဏ်အယူဆုံး
ဖြစ်တယ်ဆိုတာ ဖော်ပြဖို့လိုတယ်။
သူ့ရဲ့တော်တဲ့အချက်၊ တန်ဖိုးရှိမှုနဲ့
အောင်မြင်မှုတွေကို ပြန်ပြန်သတိပေးခြင်းက
သူ့ကိုယ်သူယုံကြည်မှုကိုတိုးပွားစေတယ်။
ယောကျာ်းကိုဝေဖန်တာ ရှောင်ရှားပါ။
ဒါအရေးအတော်ကြီးပါတယ်တဲ့။
သူ့အတွက် အမြဲဂုဏ်ယူပြီး
ဘဝမှာ သူ့ထက်ရင်းနှီးတဲ့သူမရှိဘူးဆိုတဲ့
ခံစားချက်ကိုပေးဖို့လိုတယ်တဲ့။

ဒါဖတ်ပြီးစဥ်းစားကြည့် အားတီ၊ အားမေတို့။
အိမ်ထောင်ရေးက တော်တော်ဇယားရှုပ်တယ်ဟ။

Phyo Paing @ Derek

Share Your Idea!​