လူတွေက “သူက ကံကောင်းလို့” လို့ ပြောကြတယ်။
ဒါပေမယ့် ကံဆိုတာ တစ်မျိုးတည်း မဟုတ်ဘူး။
Neurologist James Austin က ကံကို လေးမျိုး ခွဲပြခဲ့တယ်။
နောက်ပိုင်း Naval Ravikant က ဒီအမြင်ကို လူသိများအောင် ထပ်ချဲ့ပြောခဲ့တယ်။
ပထမ ကံ။
မွေးရာပါ ကံ။ (Blind luck)
ချမ်းသာတဲ့ မိသားစုမှာ မွေးလာတာ။
ဉာဏ်ကောင်းကောင်းနဲ့ မွေးလာတာ။
လူချစ်လူခင်ပေါတဲ့ charisma ပါလာတာ။
ဒီကံကို ကိုယ်ရွေးခဲ့တာ မဟုတ်ဘူး။
ရလာတာ။
ဒါကြောင့် ဂုဏ်ယူစရာလည်း မရှိဘူး။
ငိုကြွေးစရာလည်း မရှိဘူး။
ဒါ လက်ထဲရောက်လာတဲ့ ဖဲချပ်ပဲ။
ဘယ်လို ကစားမလဲဆိုတာကတော့ ကိုယ့်အလုပ်။
ဒုတိယ ကံ။
လှုပ်ရှားမှုက ပေးတဲ့ ကံ။ (Luck from action)
အိမ်ထဲမှာပဲ ထိုင်နေရင် ဘယ်သူနဲ့မှ မတွေ့ဘူး။
ခရီးထွက်တယ်။
စမ်းသပ်တယ်။
အခွင့်အလမ်းကို လိုက်ရှာတယ်။
ဒီလိုလုပ်ရင်းနဲ့ ဘဝကို ပြောင်းပေးမယ့် လူတွေနဲ့ တွေ့လာတယ်။
ဒါ မှော်ပညာ မဟုတ်ဘူး။
ဖြစ်နိုင်ခြေ (probability) ပဲ။
တံခါးခေါက်တဲ့ အကြိမ်များလေ
ဖွင့်ပေးမယ့် တံခါး တွေ့ဖို့ များလေပဲ။
တတိယ ကံ။
သတိထားမိခြင်း ကံ။ (Luck from awareness)
လူထောင်ချီ မြင်နေတဲ့ အရာ။
လူထောင်ချီ ဖြတ်ကျော်သွားတဲ့ အရာ။
တစ်ယောက်ကပဲ ရပ်ကြည့်ပြီး
“ဒါ business opportunity ပဲ” လို့ မြင်တယ်။
အခွင့်အလမ်းက အားလုံးရဲ့ ရှေ့မှာ ရှိနေတာပါ။
မတူတာက မြင်တဲ့ မျက်စိ။
Louis Pasteur ပြောခဲ့တယ်။
“Chance favors the prepared mind.”
အခွင့်အလမ်းက ပြင်ဆင်ပြီးသား စိတ်ကိုပဲ ရွေးတယ်။
စတုတ္ထ ကံ။
ထူးခြားမှုက ဆွဲခေါ်တဲ့ ကံ။ (Luck from uniqueness)
ဒီအဆင့်ရောက်ရင် ကံကို လိုက်ရှာစရာ မလိုတော့ဘူး။
ကံက ကိုယ့်ဆီကို လာရှာတယ်။
ဘာလို့လဲ။
ကိုယ်က အစားထိုးလို့ မရတဲ့ လူ ဖြစ်သွားလို့။
ဒီပြဿနာဆိုရင် ဒီလူ။
ဒီအကြောင်းဆိုရင် ဒီလူ။
လူတွေက ကိုယ့်နာမည်ကို အလိုလို သတိရလာတယ်။
အခွင့်အလမ်းတွေက ကိုယ့်တံခါးကို လာခေါက်တယ်။
ဒီလေးမျိုးကို သေချာကြည့်ရင် pattern တစ်ခု တွေ့မယ်။
ပထမ တစ်မျိုးကို ကိုယ် ထိန်းချုပ်လို့ မရဘူး။
ကျန်တဲ့ သုံးမျိုးကိုတော့ တည်ဆောက်လို့ ရတယ်။
လှုပ်ရှားမှုက ခြေထောက်။
သတိထားမိမှုက မျက်စိ။
ထူးခြားမှုက နာမည်။
ခြေထောက်က အခွင့်အလမ်းဆီ ရောက်အောင် ခေါ်သွားတယ်။
မျက်စိက အခွင့်အလမ်းကို မြင်အောင် လုပ်ပေးတယ်။
နာမည်က အခွင့်အလမ်းကို ကိုယ့်ဆီ ဆွဲခေါ်လာတယ်။
မြန်မာလူမျိုးတွေ “ကံ” လို့ ပြောရင်
ကြိုတင်ရေးထားပြီးသား ကံကြမ္မာလို့ ထင်ကြတယ်။
တကယ်တော့ ဗုဒ္ဓဓမ္မမှာ ကံ (ကမ္မ) ဆိုတာ လုပ်ရပ်ကို ဆိုလိုတာပါ။
စေတနာပါတဲ့ လုပ်ရပ်။
ဒါကြောင့် “ကံကောင်းတယ်” ဆိုတဲ့ စကားရဲ့ နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ်က
“ကောင်းကောင်း လုပ်ခဲ့တယ်” ပါပဲ။
ပြီးရင် “ငါက ကံမကောင်းလို့” လို့ ထင်တယ်။
တကယ်က ပထမကံ တစ်မျိုးတည်းကိုပဲ ကြည့်နေလို့ပါ။
ကျန်တဲ့ သုံးမျိုးကတော့ ကိုယ့်ကို စောင့်နေတယ်။
မွေးလာတဲ့ ကံက တစ်မျိုးပဲ။
တည်ဆောက်လို့ရတဲ့ ကံက သုံးမျိုး။
ကံကို မစောင့်ပါနဲ့။
ကံရှာလို့ တွေ့မယ့်သူ ဖြစ်အောင် ကိုယ့်ကိုယ်ကို တည်ဆောက်ပါ။
Phyo Paing @ Derek