ဘဝမှာ အောင်မြင်ချင်တယ်။
စိတ်လည်း ချမ်းသာချင်တယ်။
ဒါဆို အသစ်တစ်ခု ထပ်ရှာဖို့ မလိုပါဘူး။
ရှိပြီးသား အမှား ငါးခုကို ရှောင်လိုက်ရုံပါ။
၁။ ဦးတည်ချက်မရှိဘဲ အလုပ်များနေခြင်း
အလုပ်များတာနဲ့ တိုးတက်တာ မတူပါဘူး။
ဦးတည်ရာ မသိဘဲ မြန်မြန်ပြေးရင်
မြန်မြန် ပင်ပန်းတာပဲ ကျန်ခဲ့မယ်။
လမ်းမှန်ပေါ်ရောက်မှ အရှိန်က အဓိပ္ပါယ်ရှိတယ်။
Clarity is Power.
၂။ ကိုယ့်ဘဝကို သူများဘဝနဲ့ နှိုင်းခြင်း
ကိုယ့်ရဲ့ Day 1 ကို
သူများရဲ့ Year 10 နဲ့ မတိုင်းပါနဲ့။
ပြိုင်ရမယ့်သူက သူများ မဟုတ်ဘူး။
မနေ့က ကိုယ့်ကိုယ်ကိုယ်ပါ။
ချမ်းသာချင်ရင် နှိုင်းတာ ရပ်လိုက်ပါ။
ကိုယ့်လမ်းကြောင်းပေါ် ပြန်တက်လိုက်ပါ။
၃။ အပြစ်တင်တဲ့စိတ် (Victim Mentality)
“စီးပွားရေး မကောင်းလို့…”
“ကံ မကောင်းလို့…”
“သူတို့ကြောင့်…”
ဒီစကားတွေက စိတ်ကို ခဏ သက်သာစေပေမယ့်
ပြဿနာကိုတော့ တစ်လုံးမှ မဖြေရှင်းပေးဘူး။
Epictetus ပြောခဲ့တာ ရှိတယ်။
ဖြစ်တာက အရေးမကြီးဘူး၊ တုံ့ပြန်ပုံကသာ အရေးကြီးတယ်တဲ့။
တာဝန်ယူတဲ့နေ့က
ဘဝက ကိုယ့်လက်ထဲ ပြန်ရောက်လာတယ်။
၄။ Perfect ဖြစ်မှ စမယ်ဆိုတဲ့စိတ်
Perfect ဆိုတာ လောကမှာ မရှိပါဘူး။
ရှိသမျှ အရာတိုင်း အနိစ္စ ဖြစ်နေတာ။
စမှ တိုးတက်မယ်။
လုပ်ရင်း ပြင်ရတာ။
Done is better than perfect.
၅။ အပျက်သဘော ဆောင်တဲ့ ပတ်ဝန်းကျင်
အနီးဆုံးလူ ငါးယောက်က
ကိုယ့်ရဲ့ အတွေး၊ အကျင့်၊ အနာဂတ်ကို ပုံဖော်တယ်။
အမြဲ ညည်းညူနေတဲ့သူတွေထက်
အမြဲ သင်ယူ ကြိုးစားနေတဲ့သူတွေနဲ့
ပိုနီးကပ်ပါ။
ဘဝပြောင်းဖို့ဆိုတာ
ကြီးကျယ်တဲ့ ဆုံးဖြတ်ချက်ကြီး တစ်ခု မဟုတ်ဘူး။
နေ့တိုင်း ရှောင်သင့်တာကို ရှောင်နိုင်တဲ့
သေးငယ်တဲ့ အလေ့အကျင့်လေးတွေ စုလိုက်တာပါ။
အောင်မြင်ခြင်းနဲ့ စိတ်ချမ်းသာခြင်းက
သီးခြားလမ်း နှစ်ခု မဟုတ်ဘူး။
တစ်ခုတည်းသော အလေ့အကျင့်ရဲ့ အသီးအပွင့် နှစ်မျိုးပါ။
ကျွန်တော်ကိုယ်တိုင်လည်း
ဒီငါးချက်ကို နေ့တိုင်း ပြန်ရှောင်နေဆဲပါ။
ပြီးပြည့်စုံလို့ ရေးတာ မဟုတ်ပါဘူး။
နားလည်သလောက် ကြိုးစားပြီး မျှဝေတာပါ။
အခု မိတ်ဆွေအတွက်
ဒီငါးချက်ထဲက ဘယ်အချက်က အခက်ခဲဆုံးလဲ။
Comment မှာ ရေးခဲ့ပါ။
ကျွန်တော့်အတွက်
အောင်မြင်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်က
လုပ်ချင်တာလုပ်ပြီး ရချင်တာရနေတာဖြစ်ပါတယ်။
Phyo Paing @ Derek