ယာယီဆိုတာ နာရီပေါ်မူတည်တယ်။
ဘဝဆိုတာ ယာယီပဲ။
နာရီနဲ့အမျှ အရာရာပြောင်းနေတယ်။
ချစ်တဲ့သူတချို့ပျောက်သွားတယ်။
ချစ်ရမည့်ကလေးငယ်တချို့
ဘဝထဲရောက်လာတယ်။
မနက်ကအလုပ်ဖြစ်နေတာ
ညအလုပ်မဖြစ်တော့ဘူး။
စမ်းရင်းလုပ်ရင်း
အလုပ်ဖြစ်တဲ့အသစ်တွေတွေ့လာတယ်။
ပျော်စေတာလဲ ယာယီ၊
စိတ်ညစ်စေတာလဲ ယာယီ။
နာရီနဲ့အမျှ ပြောင်းနေတဲ့ ယာယီအခိုက်အတန့်ကို
ထာဝရဆိုပြီး သာမညလူတွေကို
အထင်မှားစေတဲ့ ပုံရိပ်ယောင်တွေပဲ။
စိတ်ထားတတ်ရင်
စိတ်ညစ်စရာသိပ်များများမရှိတော့ဘူး။
Phyo Paing @ Derek