Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကံသုံးပါး။

အတိတ်က ရွေးချယ်မှုက
ပစ္စုပ္ပန်ကို ဖန်တီးတယ်။
ပစ္စုပ္ပန်ရဲ့ ရွေးချယ်မှုက
အနာဂတ်ကို ဖန်တီးမယ်။

လူတော်တော်များများက
ဘဝကို “ဖြစ်လာတာ” လို့ ထင်ကြတယ်။
တကယ်တော့ ဘဝဆိုတာ “ရွေးခဲ့တာ” တွေ
စုစည်းရာကနေ ဖြစ်လာတာပဲ။

မနက်ဘယ်အချိန်ထမလဲ၊
ဘယ်သူနဲ့ ပေါင်းသင်းမလဲ၊
ဘာကို လေ့လာမလဲ၊
စိတ်ဆိုးတဲ့အခါ ဘယ်လို တုံ့ပြန်မလဲ —
ဒါတွေ တစ်ခုချင်းကြည့်ရင် သေးငယ်ပေမယ့်၊
နှစ်ပေါင်းများစွာ ထပ်ဆင့်ပုံအပ်လိုက်တဲ့အခါ
ကိုယ်ရောက်နေတဲ့နေရာ ဖြစ်လာတာပါ။

ရွေးချယ်မှုကို သတိမထားမိတဲ့သူက
ကိုယ့်ဘဝကို “ကံ” လို့
နာမည်တပ်လိုက်တတ်တယ်။
“ငါ့ကံဆိုးတာ”၊
“အခြေအနေက ခွင့်မပြုတာ” လို့ ပြောရင်း၊
ကိုယ့်လက်ထဲမှာ ရှိနေတဲ့
ရွေးချယ်ပိုင်ခွင့်ကို သူများလက်ထဲ ပစ်အပ်လိုက်တယ်။

ဒါ အသက်ရှင်နေတာ မဟုတ်ဘူး။
အရှိန်နဲ့ မျောနေတာ။
လူဆိုတာ ရွေးချယ်နိုင်စွမ်းရှိတဲ့ သတ္တဝါပါ။

ဒါပေမဲ့
ဒီနေ့ ရွေးချယ်မှု မပြောင်းနိုင်ရင် အတွေး မပြောင်းနိုင်ဘူး။
အတွေး မပြောင်းရင် အလေ့အကျင့် မပြောင်းနိုင်ဘူး။
အလေ့အကျင့် မပြောင်းရင် လုပ်ရပ် မပြောင်းနိုင်ဘူး။
လုပ်ရပ် မပြောင်းရင် ရလဒ် မပြောင်းနိုင်ဘူး။
ရလဒ် မပြောင်းရင် အနာဂတ် မပြောင်းဘူး။
အနာဂတ်ကို ပြောင်းချင်ရင် မနက်ဖြန်ကနေ မစဘူး။
ဒီနေ့ လက်ထဲမှာရှိတဲ့ ရွေးချယ်မှုကနေ စတယ်။
ရွေးချယ်မှုက အရင်လာတယ်။
ကံကြမ္မာက နောက်ကလိုက်လာတယ်။

တွေးတဲ့ မနောကံ။
ပြောတဲ့ ဝဇီကံ။
လုပ်ဆောင်တဲ့ ကာယကံ။
ကံသုံးပါး။

Phyo Paing @ Derek

Share Your Idea!​