ထာဝရ တိုင်ပတ်နေတဲ့သူ၊
ထာဝရ တိုင်ပတ်နေတဲ့ မိသားစု၊
ထာဝရ တိုင်ပတ်နေတဲ့နေရာ၊
ထာဝရ တိုင်ပတ်နေတဲ့ နိုင်ငံတော်။
ထာဝရ တိုင်ပတ်နေတဲ့သူတွေရှိတယ်။
မပြင်ချင်တဲ့သူကို ကူပြင်ပေးလို့မလွယ်ဘူး။
ထာဝရ တိုင်ပတ်သူတွေကိုကူညီချင်ရင်
စည်းလေးထား ပြီးကူညီပေး။
မဟုတ်ရင် တိုင်ပတ်မှုက
ကိုယ့်ကိုပါ ကူးလာနိုင်တယ်။
တိုင်ပတ်မှုထဲက ရုန်းထွက်ဖို့
၁။ အတွေးအခေါ်ပြောင်း
၂။ အကြံအစည်ပြောင်း
၃။ လုပ်ဆောင်မှုပြောင်း။
အများစုက ကိုယ့်အထင်အမြင်တိုင်း၊
အတွေးအခေါ်တိုင်းကို အမှန်လို့ထင်တဲ့အခါ
ပြင်ဖို့ခက်တယ်။
Phyo Paing @ Derek