ဦးနှောက်ထဲ Tool မရှိရင်
ဘဝမှာ လက်ဗလာ ဖြစ်နေမယ်။
Mental Model ဆိုတာ ဦးနှောက်ထဲက Tool ဖြစ်တယ်။
လူ ၂ ယောက်
တူညီတဲ့ ပြဿနာ ကြုံတယ်
တစ်ယောက်က ဖြေရှင်းနိုင်တယ်
တစ်ယောက်က ပိတ်မိနေတယ်
ဘာ ကွာလဲ ဆိုတော့
ဉာဏ် ကွာတာ မဟုတ်ဘူး
ကြိုးစားမှု ကွာတာ မဟုတ်ဘူး
ဦးနှောက်ထဲ ရှိတဲ့ tool ကွာတာ ဖြစ်တယ်။
ဒီ tool ကို
Mental Model လို့ ခေါ်တယ်။
— Mental Model ဆိုတာ ဘာလဲ —
Mental model ဆိုတာ
စဉ်းစားပုံ ဖြစ်တယ်
ကမ္ဘာ ကို ကြည့်တဲ့ မှန်ဘီလူး ဖြစ်တယ်။
မှန်ဘီလူး ပြောင်းရင်
မြင်တာ ပြောင်းတယ်။
မြင်တာ ပြောင်းရင်
ဆုံးဖြတ်ချက် ပြောင်းတယ်။
ဆုံးဖြတ်ချက် ပြောင်းရင်
ရလဒ် ပြောင်းတယ်။
ဒါ mental model ရဲ့ power ဖြစ်တယ်။
ဘာမှ မပြောင်းဘဲ
စဉ်းစားပုံ ပြောင်းရုံနဲ့
ရလဒ် ပြောင်းသွားနိုင်တယ်။
Charlie Munger ပြောခဲ့ပါတယ်
“Mental model ၈₀ ခု ကျော် ကိုယ့်ထဲ ရှိရင်
ဘဝ ပြဿနာ ၉₀% ကို ဖြေရှင်းနိုင်တယ်” လို့
Warren Buffett ရဲ့ လက်တွဲဖော် ဖြစ်တယ်
ကမ္ဘာ့ အတော်ဆုံး ရင်းနှီးမြှုပ်နှံသူ တစ်ယောက် ဖြစ်တယ်။
သူ့ လျှို့ဝှက်ချက်က
ပိုက်ဆံ မဟုတ်ဘူး
ဦးနှောက်ထဲ mental model များတာ ဖြစ်တယ်။
သိထားသင့်တဲ့ Mental Model ၁၀ ခု
၁။ Inversion — ပြောင်းပြန် စဉ်းစားခြင်း
“ဘယ်လို အောင်မြင်မလဲ” မမေးဘဲ
“ဘယ်လို ရှုံးမလဲ” မေးပြီး
ဒါတွေ ရှောင်ပါ
“ဘယ်လို ကျန်းမာမလဲ” မမေးဘဲ
“ဘယ်လို ဖျားမလဲ” မေးပြီး
ဒါတွေ ရှောင်ပါ
“ဘယ်လို ဆက်ဆံရေး ကောင်းမလဲ” မမေးဘဲ
“ဘယ်လို ပျက်မလဲ” မေးပြီး
ဒါတွေ ရှောင်ပါ
ကောင်းအောင် လုပ်ဖို့ ခက်တတ်တယ်
ဆိုးတာ ရှောင်ဖို့ ပိုလွယ်တယ်
ဆိုးတာ ရှောင်ရုံနဲ့
ကောင်းတာ ကိုယ့်ဘာသာ ရောက်တတ်တယ်
ဒါ Stoic ဒဿန ရဲ့ via negativa ဖြစ်တယ်
ဒါ Munger ရဲ့ favorite model ဖြစ်တယ်။
၂။ First Principles — အခြေခံ ကနေ စဉ်းစား
“ဒီလို လုပ်ကြတယ် ဒါကြောင့် ဒီလို လုပ်” ← ဒါ analogy
“ဘာကြောင့် ဒီလို လုပ်ကြတာလဲ အခြေခံ ဘာလဲ” ← ဒါ first principles
Elon Musk ပြောခဲ့ပါတယ်။
“Rocket ဈေးကြီးတယ် ← ဒါ analogy
Rocket ကို ဘာတွေနဲ့ လုပ်ထားလဲ
ဒီ material တွေ ဈေး ဘယ်လောက်လဲ
← ဒါ first principles” လို့ဆိုတယ်။
First principles နဲ့ ကြည့်ရင်
“ဒီလိုပဲ ဖြစ်ရတယ်” ဆိုတဲ့ ယူဆချက် ပျက်သွားတယ်။
အသစ် ဖန်တီးလို့ ရလာတယ်။
ဘဝမှာ —
“လစာ ဒီလောက် ပဲ ရတယ် ← ဘာကြောင့်”
“လုပ်ငန်း ဒီလိုပဲ လုပ်ရတယ် ← ဘာကြောင့်”
“ဒီ နယ်ပယ်မှာ ဒါ မဖြစ်နိုင်ဘူး ← ဘာကြောင့်”
First principles မေးရင်
ယူဆချက် ကျိုးသွားတယ်
အသစ် ဖန်တီးခွင့် ရတယ်။
ပထမမူတွေးနည်းလို့လဲခေါ်ပါတယ်။
၃။ Second-Order Thinking — ဒုတိယ အဆင့် ရလဒ်
“ဒါ လုပ်ရင် ဘာ ဖြစ်မလဲ” ← ပထမ အဆင့်
“ဒါ ဖြစ်ပြီးရင် နောက် ဘာ ဖြစ်မလဲ” ← ဒုတိယ အဆင့်
ဈေး ချလိုက်ရင် ← ဖောက်သည် ပိုဝယ်မယ် (ပထမ)
ဒါပေမယ့် brand ကျသွားမယ် (ဒုတိယ)
Brand ကျရင် premium ဖောက်သည် ထွက်သွားမယ် (တတိယ)
ဝန်ထမ်း ဖြုတ်လိုက်ရင် ← ကုန်ကျစရိတ် ကျမယ် (ပထမ)
ဒါပေမယ့် ကျန်တဲ့ ဝန်ထမ်းတွေ စိတ်ဓာတ် ကျမယ် (ဒုတိယ)
စိတ်ဓာတ် ကျရင် productivity ကျမယ် (တတိယ)
ပထမ အဆင့်ပဲ ကြည့်ရင် — ကောင်းတယ် ထင်တတ်တယ်
ဒုတိယ တတိယ ကြည့်ရင် — ပိုဆိုးနိုင်တယ် မြင်ရတယ်
လူအများစုက ပထမ အဆင့်ပဲ ကြည့်တယ်
ပညာရှိတဲ့ သူက ဒုတိယ တတိယ ကြည့်တယ်
“ပြီးရင် ဘာ ဖြစ်မလဲ” ← ဒီ မေးခွန်း ၁ ခု ပိုမေးရုံနဲ့
ဆုံးဖြတ်ချက် ပိုကောင်းသွားတယ်။
၄။ Map is Not the Territory — မြေပုံ ≠ မြေပြင်
ကိုယ့် ယုံကြည်ချက် = တကယ့် reality မဟုတ်ဘူး
ကိုယ့် ယုံကြည်ချက်က မြေပုံ ဖြစ်တယ်
တကယ့် reality က မြေပြင် ဖြစ်တယ်
မြေပုံ နဲ့ မြေပြင် မတူနိုင်ဘူး
“ငါ့ ဖောက်သည် ဒါ ကြိုက်တယ်” ← မြေပုံ
တကယ် ကြိုက်လား ← မြေပြင်
စစ်ဆေးဖို့ လိုတယ်
“ငါ့ team ပျော်ရွှင်နေတယ်” ← မြေပုံ
တကယ် ပျော်ရွှင်လား ← မြေပြင်
စစ်ဆေးဖို့ လိုတယ်
ကိုယ့် ယုံကြည်ချက် ကို
အမှန်တရား ထင်ပြီး ဆုံးဖြတ်ရင်
မြေပုံ ကြည့်ပြီး မြေပြင်မှာ လမ်းမှားသွားတာနဲ့ အတူတူ
“ငါ ဒီလို ထင်တယ် ဒါပေမယ့် တကယ် ဒီလို ဖြစ်ရဲ့လား”
ဒီ မေးခွန်း မေးတတ်ရင်
ဒီ model တတ်ပြီ။
၅။ Pareto Principle — ၈၀/၂၀
ရလဒ် ၈၀% က ကြိုးစားမှု ၂၀% ကနေ လာတယ်
ဖောက်သည် ၂၀% က ဝင်ငွေ ၈၀% ပေးတယ်
ပြဿနာ ၂၀% က stress ၈၀% ပေးတယ်
Skill ၂၀% က ရလဒ် ၈၀% ပေးတယ်
ဒါ သိရင်
“အရာရာ ပိုကောင်းအောင် လုပ်” မဟုတ်တော့ဘူး
“ဘယ် ၂၀% က ရလဒ် အများဆုံး ပေးလဲ” ရှာပြီး
ဒီ ၂၀% ကို ပိုအာရုံစိုက်
ဒီ ၂၀% ကို ၂ ဆ လုပ်ရင်
ရလဒ် ၂ ဆ ပိုရတယ်
ကျန်တဲ့ ၈၀% ကို ၂ ဆ လုပ်ရင်
ရလဒ် နည်းနည်း ပဲ ပိုရတယ်
“ပိုလုပ်” မဟုတ်ဘူး
“မှန်တာ ပိုလုပ်” ဖြစ်တယ်။
၆။ Circle of Competence — ကျွမ်းကျင်မှု စက်ဝိုင်း
ကိုယ် ဘာ တတ်လဲ သိပါ။
ကိုယ် ဘာ မတတ်လဲ သိပါ။
တတ်တဲ့ ဧရိယာ ထဲ ဆုံးဖြတ်ရင် — advantage ရှိတယ်။
မတတ်တဲ့ ဧရိယာ ထဲ ဆုံးဖြတ်ရင် — ကံစမ်းတာ ဖြစ်တယ်။
Warren Buffett ပြောခဲ့ပါတယ်
“ငါ tech company ကို ရင်းနှီးမြှုပ်နှံတာ နှေးတယ်။
ဘာကြောင့်လဲ ဆိုတော့
ဒါ ငါ့ circle of competence ထဲ မရှိလို့” လို့။
ကမ္ဘာ့ အချမ်းသာဆုံး သူ တစ်ယောက်က
“ငါ မသိဘူး” ပြောရဲတယ်။
ဒါ ပညာ ဖြစ်တယ်။
ကိုယ် ဘာ မသိလဲ သိတာ
ဘာ သိလဲ သိတာ ထက်
ပိုအရေးကြီးတယ်။
၇။ Opportunity Cost — ရွေးချယ်မှု ဈေးနှုန်း
ဒါ ရွေးလိုက်ရင်
ဟိုဟာ ဆုံးတယ်။
ဒီ အလုပ် လုပ်လိုက်ရင်
ဟိုအလုပ် လုပ်ချိန် ဆုံးတယ်။
ဒီ သင်တန်း တက်လိုက်ရင်
ဟိုအချိန်မှာ လုပ်နိုင်တာ ဆုံးတယ်။
ရွေးချယ်မှု တိုင်းမှာ ဈေးနှုန်း ရှိတယ်
မြင်ရတဲ့ ဈေးနှုန်း ရှိတယ်
မမြင်ရတဲ့ ဈေးနှုန်း ရှိတယ်။
“ဒါ လုပ်ရင် ဘာ ရမလဲ” မေးတယ်
ဒါပေမယ့်
“ဒါ လုပ်ရင် ဘာ ဆုံးမလဲ” မမေးဘူး။
ဒီ ဒုတိယ မေးခွန်း မေးတတ်ရင်
ဆုံးဖြတ်ချက် ပိုကောင်းသွားတယ်။
၈။ Compounding — ပေါင်းစု တိုးပွားခြင်း
သေးသေးလေး ကို
ရှည်ရှည်ကြာကြာ လုပ်ရင်
ကြီးကြီးမားမား ဖြစ်လာတယ်။
နေ့စဉ် ၁% တိုးတက်ရင်
၁ နှစ် ကြာရင် ၃၇ ဆ ကောင်းလာတယ်။
နေ့စဉ် ၁% ဆုတ်ယုတ်ရင်
၁ နှစ် ကြာရင် ၀.၀၃ ပဲ ကျန်တော့တယ်
ဒါ compound interest ရဲ့ power ဖြစ်တယ်
ငွေမှာ သက်ဆိုင်သလိုပဲ
ပညာမှာလည်း သက်ဆိုင်တယ်
Skill မှာလည်း သက်ဆိုင်တယ်
ဆက်ဆံရေးမှာလည်း သက်ဆိုင်တယ်
“အနည်းငယ် × အချိန်ကြာကြာ = အကြီးအကျယ်”
ခုမှ မမြင်ရသေးဘူး ဆိုပြီး မရပ်ပါနဲ့
Compounding က နောက်ပိုင်းမှ ပေါက်ကွဲတယ်
ရှေ့ပိုင်းမှာ ဘာမှ မပေါ်ဘူး
ဒါ သဘာဝ ဖြစ်တယ်။
၉။ Hanlon’s Razor — ရိုးရှင်းဆုံး ရှင်းပြချက်
“တစ်ဖက်သား ဆိုးလို့ လုပ်တယ်” မထင်ခင်
“တစ်ဖက်သား မသိလို့ လုပ်တာ ဖြစ်နိုင်လား” စဉ်းစားပါ
ဝန်ထမ်း အမှား လုပ်ရင်
“သူ ဆိုးလို့” ထက်
“သူ မသိလို့ ဖြစ်နိုင်တယ်” စဉ်းစားပါ။
ဖောက်သည် မကျေနပ်ရင်
“သူ ခက်လို့” ထက်
“ကိုယ့် process မှာ ပြဿနာ ရှိနိုင်တယ်” စဉ်းစားပါ။
ဒီ model ကို သုံးရင်
ဒေါသ နည်းသွားတယ်
ဖြေရှင်းချက် ပိုမြန်မြန် ရတယ်။
ဘာကြောင့်လဲ —
“သူ ဆိုးလို့” ယူဆရင် — ရန်သူ ရတယ် ဖြေရှင်းချက် မရဘူး
“သူ မသိလို့” ယူဆရင် — သင်ပေး ဖြေရှင်း ပြင် လို့ ရတယ်။
၁၀။ — Regret Minimization — နောင်တ အနည်းဆုံး ဖြစ်အောင်
Jeff Bezos ပြောခဲ့ပါတယ်
“ငါ ၈၀ နှစ် ရောက်ရင်
ဘယ်ဟာ ကို ပိုနောင်တ ရမလဲ” မေးတယ် လို့။
“လုပ်ပြီး ရှုံးတာ” ကို ပိုနောင်တ ရမလား
“မလုပ်ဘဲ နေတာ” ကို ပိုနောင်တ ရမလား။
အများအားဖြင့်
“မလုပ်ဘဲ နေတာ” ကို ပိုနောင်တ ရတယ်။
ဆုံးဖြတ်ချက် ခက်ခဲရင်
“၈၀ နှစ်ကနေ ပြန်ကြည့်ရင်
ဘယ်ဟာ ကို ပိုနောင်တ ရမလဲ” မေးပါ။
အဖြေ ရှင်းသွားတယ်
ဘာကြောင့်လဲ ဆိုတော့
ရေတို ကြောက်ရွံ့မှု ပျောက်သွားပြီး
ရေရှည် perspective ကနေ မြင်လို့။
— ဒီ ၁၀ ခု ကို ဘယ်လို သုံးမလဲ —
တစ်ခါတည်း ၁၀ ခု မမှတ်ပါနဲ့။
ဒီ ၁၀ ခု ထဲ
ယခု ကိုယ့် ဘဝမှာ
အကျုံးဝင်ဆုံး ၁ ခု ကို ရွေးပါ။
ဒီ ၁ ခု ကို
ရက် ၃၀ သုံးကြည့်ပါ။
ပြဿနာ ကြုံတိုင်း
ဒီ model ကနေ ကြည့်ကြည့်ပါ။
ရက် ၃၀ ကြာရင်
ကိုယ့် စဉ်းစားပုံ ပြောင်းသွားမယ်။
စဉ်းစားပုံ ပြောင်းရင်
ဆုံးဖြတ်ချက် ပြောင်းမယ်။
ဆုံးဖြတ်ချက် ပြောင်းရင်
ဘဝ ပြောင်းမယ်။
ပြီးရင် နောက် ၁ ခု ထပ်ယူ
ဒီလို ၁ ခုချင်းစီ ထပ်ပေါင်းသွားရင်
ကိုယ့် ဦးနှောက်ထဲ tool တွေ ပိုများလာမယ်။
Tool ပိုများလေ
ပြဿနာ ကို ပိုကောင်းကောင်း ဖြေရှင်းနိုင်လေ
ပြီးရင် “ဒါတွေ ခက်ခက်ခဲခဲ တတ်ရမယ့်ပညာ ထင်တယ်” ထင်တယ်။
တကယ်က mental model ဆိုတာ
ခက်ခက်ခဲခဲ တတ်ရတာ မဟုတ်ဘူး
“ဒီ မေးခွန်း ကို မေးဖို့ သိထားရုံ” ဖြစ်တယ်
Inversion — “ဘယ်လို ရှုံးမလဲ” မေးဖို့
First Principles — “ဘာကြောင့်” မေးဖို့
Second-Order — “ပြီးရင် ဘာ ဖြစ်မလဲ” မေးဖို့
ဒါတွေ မေးခွန်း ဖြစ်တယ်
မေးခွန်း ကို မေးတတ်ရင်
mental model တတ်ပြီ
ဦးနှောက်ထဲ tool ထည့်ပါ
ဘဝမှာ လက်ဗလာ မဖြစ်ပါနဲ့။
Phyo Paing @ Derek