လူတွေ ဒီနေ့ခေတ်
KTV မှာ ဆေးသုံးတာ၊
လောင်းကစား game တွေ
ပိုပိုစွဲလာတာက
ပတ်ဝန်းကျင်ကြောင့်ဆိုင်သလို
စိတ်ဒဏ်ရာတွေကြောင့်လဲပါတယ်။
ဒီနေ့ Dr. Gabor Maté ရဲ့
The Myth of Normal စာအုပ်ဖတ်ရင်း
ပိုနားလည်လာတာ
Addiction စွဲလမ်းမှုဆိုတာ
ပျော်ရွင်စရာတွေရယူဖို့ pleasure-seeking သီးသန့်ထက်
နာကျင်မှုတွေ ဒဏ်ရာတွေကို
ကုစားတဲ့ pain-avoidance ကြောင့်ပိုဖြစ်တယ်။
လူတွေက ဟာတာတာ ဗလာဖြစ်မှု၊
ရှက်စိတ်၊ အထူးကျန်စိတ်၊
စိုးရိမ်စိတ်၊ ဝမ်းနည်းပူဆွေးမှုကို
ကုစားဖို့
ကိုယ့်ဘဝကိုယ်ဖျက်စီးစေတဲ့
စွဲလမ်းစေတဲ့ အရာတွေကို လုပ်ဆောင်တာကို
self-medication through stimulation တဲ့။
တစ်ခါတစ်လေ
လူတွေက ပျော်ဖို့လုပ်နေတာမဟုတ်ဘူး။
နာကျင်မှုကနေ လွတ်မြောက်ဖို့လုပ်နေတာ။
ဒါကြောင့်
အရက်၊ ဆေး၊ လောင်းကစား၊
porn, social media, game,
အလုပ်ကိုအလွန်အကျွံလုပ်ခြင်း၊
ပိုက်ဆံကိုအလွန်လိုချင်ခြင်းတွေကပါ
တစ်ခါတစ်လေ pleasure ထက်
လွတ်မြောက်မှုနည်းလမ်း
escape mechanism ဖြစ်နေတတ်တယ်။
Gabor Maté ပြောသလို
ဘယ်အရာက စွဲလမ်းစေလဲ
“Why the addiction?” ထက်
ဘယ်နာကျင်မှုကိုရှောင်းပြေးနေလဲ
“Why the pain?” ကိုမေးဖို့လိုတယ်။
လူတစ်ယောက်ရဲ့ behavior နောက်မှာ
အမြဲတမ်း logic ရှိတတ်တယ်။
တစ်ချို့လူတွေက
သူတို့ကိုယ်သူတို့ ဖျက်ဆီးနေတာမဟုတ်ဘူး။
သူတို့ခံစားနေရတဲ့ နာကျင်မှုကို
အသက်ရှင်နိုင်ဖို့ ကြိုးစားနေတာ။
Phyo Paing @ Derek