Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အဟောင်းတွေကို ထားခဲ့ပါ။

ebook တွေဖတ်တဲ့အခါ
attention ပိုစိုက်ရသလို၊
စာရွက်တွေဖတ်သလို အရသာမရှိ
ဖြစ်နေခဲ့တယ်။​

ဒါပေမယ့် အဲ့ဒီအချိန်မှာ
ebook ဖတ်ဖို့က future ဆိုတာ သိထားတယ်။
ဒါကြောင့် အပင်ပန်းခံပြီး
ebook တွေဖတ်တယ်။

ကျင့်သားမရသလို ဖတ်ရတာ
စာအုပ်တွေလို အရသာမရှိခဲ့ဘူး။
မတူညီတဲ့ format တွေကို
Calibre ebook management software
အသုံးပြုခဲ့တယ်။

Amazon ရဲ့ kindle
e ink reader တွေသုံးပြီးဖတ်တယ်။
စာရွက်လှန်ရတာ ကြာတော့ အားမရဘူး။
speed-reading လုပ်လို့မရဘူး။

2010 April မှာ iPad 1st gen ထွက်တယ်။
iBooks ပါလာတယ်။
ကိုယ်ဖြေရှင်းချင်တဲ့ ပြဿနာအကုန်ကို
iPad မှာ ဖြေရှင်းပေးသွားတယ်။

ဒီနောက်ပိုင်းမှာ စာဖတ်ဖို့ စနစ်တစ်ခု
ကောင်းကောင်းတည်ဆောက်လာနိုင်ခဲ့တယ်။

အနာဂတ်ကို သွားဖို့အတွက်
Paper book တွေကို ထားခဲ့မှရမယ်။
eBook တွေနဲ့ အသားကျမှရမယ်။​
Generation Alpha က ebook နဲ့ကြီးမယ်။
GenZ တွေက အသားကျနေပြီ။
Millennials နဲ့ Gen X တွေက old school တွေကို
မစွန့်နိုင်ကြသေးဘူး။​

Paper book တွေဖတ်တာ
သစ်တောပြုန်းတီးသလို
အနာဂတ်မဟုတ်ဘူး။
ကျင့်သားရသွားတဲ့အခါ
eBook ရဲ့ အရသာကို နားလည်လာကြလိမ့်မယ်လို့
ယူဆပါတယ်။

Textbook ပေါင်းများစွာကို တစ်လ
$8 လောက်နဲ့ Perlego မှာ
ဖတ်လို့ရနေပြီ ဘာကြောင့် textbook
အထူကြီးတွေ သယ်သွားအုံးမှာလဲ?

Scribd မှာ သန်းချီတဲ့စာအုပ်တွေကို
တစ်လ $9 လောက်နဲ့ဖတ်လို့ရနေပြီ
ဘာကြောင့် စာအုပ်တွေကို
bookshelf ပေါ်တင်ထားတာ
အလှဓာတ်ပုံရိုက်တာကလွဲလို့
တကယ် productive မဖြစ်တဲ့
အလုပ်တွေ လုပ်မှာလဲလို့
စဥ်းစားခဲ့မိတယ်။

ဒါကတော့ ကျွန်တော်စဥ်းစားမိတဲ့
အတွေးတချို့ဖြစ်တယ်။

အဟောင်းတွေကို ထားခဲ့ပါ။

Phyo Paing @ Derek

Share Your Idea!​