ဒီစကားကြားရင် motivational speaker
လိုလို ဘာလိုလို ထင်တတ်ကြတယ်။
တစ်ရက်တာမှာ ကိုယ့်ကိုကိုယ်
တိုးတက်အောင် လုပ်တဲ့အချိန်ထားရမယ်။
ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်တဲ့
အချိန်ထားရမယ်။
တခြားသူတွေကို ကူညီမျှဝေပေးတဲ့
အချိန်ထားရမယ်။
ပိုက်ဆံရှာတဲ့ အချိန်ထားရမယ်။
သေရင်တစ်ယောက်တည်း အထီးကျန်ပြီး
မသေဖို့အတွက်
relationship အတွက် အချိန်ထားရမယ်။
သာရေး၊ နာရေး၊ ပေါင်းသင်းဆက်ဆံရေးအတွက်
အချိန်ထားရမယ်။
လူဖြစ်ရတာ လွယ်တော့မလွယ်ဘူး။
မလွယ်တဲ့ကြားထဲက အသက်ရှင်နေနိုင်တာ
ကောင်းတဲ့အချက်ပဲ။
တချို့က ဘဝကို ဒေါင်ကျကျ
ပြားကျကျ ဖြတ်သန်းနိုင်ရမယ်တဲ့။
ကျွန်တော်လဲ စဉ်းစားမိတယ်
ဘယ်လောက် စောက်တလွဲတွေပဲဖြစ်နေပါစေ
ဘယ်လိုနေရာမျိုး အခြေအနေမျိုးပဲ
ဖြစ်နေပါစေ
ဘဝကို အထာကျကျ ဖြတ်သန်းမယ်။
ဒီလိုအထာကျကျ ဖြတ်သန်းဖို့က
အချိန်တွေကို သေချာအသုံးချဖို့လိုတယ်။
Phyo Paing @ Derek