၂၀၁၃ ကတည်းက စာသင်တယ်။
ရုံးဆင်းရင် part-time စာသွားသင်တယ်။
MBA တက်တယ်။
ဖုန်း software service တွေလုပ်ပေးတယ်။
ကြားထဲ တရုတ်က ပစ္စည်းတွေ
သူငယ်ချင်းနဲ့ပေါင်းပြီးသွင်းတယ်။
ကိုယ်လိုချင်တာမှန်သမျှ အလကားရတယ်ဆိုတာ
ဘဝမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့အတွက်
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်ဆိုတာ
ကောင်းကောင်းနားလည်ထားတယ်။
စာသင်တာကို နာရီပေါင်း တစ်သောင်းပြည့်ဖို့
တစ်ရက်ကို ၂ နာရီ သုံးချိန်ကို
နေ့ရက်တော်တော်များများ သင်တယ်။
ဘာကြောင့်လဲဆို တစ်ရက်ကို ၆ နာရီသင်ရင်
တစ်နှစ် ရက်သုံးရာ၊
ခြောက်နှစ်ဆို နာရီပေါင်း ၁၀၈၀၀ ပြည့်တယ်။
အမှန်တော့ teaching ဆိုတာ learning ပဲ။
ကိုယ့်ဘဝ ကိုယ်တည်ဆောက်ရမှာပဲ။
တကယ်တမ်း ဘဝမှာ လိုအပ်ချိန်ဆို
ဘယ်သူမှ လာကူတာမဟုတ်ဘူး။
ဂျေးမီပြောသလို ကိုယ့်ဘဝနဲ့ကိုယ်ပဲ။
ဒါကြောင့်နေ့တိုင်း ကိုယ့်ကိုကိုယ်
ပိုကောင်းအောင် လေ့ကျင့်နေဖို့လိုတယ်။
Phyo Paing @ Derek