တက်ကျမ်းတွေရဲ့ လမ်းညွန်ချက်တိုင်းက
ကိုယ်နဲ့ မကိုက်ဘူး။
တချို့က ကိုယ့် goal ကို သူများကို
မပြောရဘူးတဲ့။
တချို့က public announcement လုပ်တဲ့။
တချို့က ရည်မှန်းချက်ပန်းတိုင်ချတဲ့။
တချို့က ရည်မှန်းချက်ပန်းတိုင်ထက်
ဘာတွေ ကြောက်သလဲဆိုတာအဓိကစဥ်းစားတဲ့။
ရည်မှန်းချက်တွေက ကိုယ့်ရဲ့
အနာဂတ် အလားအလာကို
limit လုပ်နိုင်တယ်တဲ့။
တချို့က multi-tasking မလုပ်နဲ့တဲ့။
တချို့က ပြေးရင်းနဲ့ သီးချင်းနားထောင်တာ
တချို့က လွယ်ကူ ဦးနှောက်သိပ်သုံးစရာ
မလိုတဲ့ ကိစ္စတွေမှာ multi-task လုပ်လို့ရတယ်တဲ့။
တချို့က ကော်ဖီမသောက်နဲ့တဲ့။
တချို့က Coffee က သွေးထဲမှာ
၄ နာရီလောက် ကြာတဲ့အတွက်
ညနေပိုင်းမှာ သောက်ပြီး ညပိုင်း
energy ကို သွားခိုးလို့ရတယ်တဲ့။
တချို့က follow your passion တဲ့။
တချို့က don’t follow your passion တဲ့။
ဒီအစား follow your strength တဲ့။
တချို့က build your career capital တဲ့။
တချို့က သေချာတည်ဆောက်ပြီးမှ
ရောင်းဖို့ ကြိုးစားတဲ့။
Richard Branson တို့လို billionaire တွေက
အရင်ရောင်းပြီးမှ စဥ်းစား၊
Sell first, Think later တဲ့။
တချို့က work smart တဲ့။
တစ်ပတ်လေးနာရီပဲလုပ်
4-hour work week တဲ့။
တချို့က word hard တဲ့။
အလုပ်ကို ပိုးစိုးပက်စက်လုပ်တဲ့။
ဒီနောက်ပိုင်း ကိုယ်နဲ့ ကိုက်တဲ့
အတွေးအခေါ်တွေ စမ်းသပ်
စစ်ထုတ်ယူရတယ်။
ပညာဆိုတာ ဘူဖေးလိုပဲ
ကိုယ်ကြိုက်တာ ကိုယ်ယူ။
ကိုယ်နဲ့ ကိုက်တာ ကိုယ့်ဟာပဲ။
Phyo Paing @ Derek