ကိုယ့်ကိုကိုယ် အမြဲသတိပေးတာ
Think like a strategist လို့။
မဟာဗျူဟာချတဲ့သူတစ်ယောက်လို
အမြဲစဥ်းစားဖို့လိုတယ်။
တိုင်ပတ်မှုအပေါင်းရဲ့ အဖေက
မဟာဗျူဟာအလွဲပဲ။
မဟာဗျူဟာတစ်ခုချမှတ်ဖို့
အခြေခံကျတဲ့အရာတွေကို
အမှန်အတိုင်းမြင်နိုင်ဖို့လိုတယ်။
နောက်ဘယ်အချိန်မှာ
ဘယ်အကွက်ကို ရွေ့ရမလဲသိဖို့လိုတယ်။
ဗျူဟာဆိုတာ သစ်တစ်ပင်လဲအောင်
ပုဆိန်နဲ့ခုတ်တာထက် ဖြတ်စက်နဲ့ခုတ်တာ
ပိုမြန်တယ်ဆိုပြီး သုံးသပ်ဆုံးဖြတ်တာ။
မဟာဗျူဟာဆိုတာက
သစ်ပင်ကို ခုတ်မလား၊ မခုတ်ဘူးလား
စဥ်းစားတာ။
ဆွန်ဇူးပြောသလို
မတိုက်လိုက်ရပဲနိုင်တဲ့
စစ်ပွဲလောက် ကောင်းတာမရှိဘူးတဲ့။
ကံကောင်းလို့အောင်မြင်ရင်
တစ်ခါပဲဖြစ်ရင်ဖြစ်မယ်။
အမြဲတမ်းအောင်မြင်ဖို့အတွက်က
မဟာဗျူဟာတွေလိုတယ်။
HTC ဖုန်းတွေ ဘာကြောင့်စျေးကွက်ထဲက
ပျောက်သွားပြီး
Xiaomi တွေ ကျတော့ တိုးတက်လာသလဲ။
ဒေဝါလီခံဖို့ နှစ်လပဲလိုတဲ့ Apple က
ဘာ့ကြောင့် ကမ္ဘာ့အချမ်းသာဆုံး
ကုမ္ပဏီတစ်ခုဖြစ်လာလဲ။
နောက်ဆုံး မဟာဗျူဟာပဲ။
ဘဝဖြတ်သန်းတဲ့အခါလဲ
မဟာဗျူဟာလိုတယ်လို့ စဥ်းစားကြည့်မိတယ်။
လူတိုင်းက စမှတ်ချင်းမတူကြဘူး။
ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ချင်းမတူကြဘူး။
သွားမည့် မဟာဗျူဟာတွေလဲ
တူကြမှာ မဟုတ်ဘူး။
Phyo Paing @ Derek