စီးပွားရေး လုပ်တယ်ဆိုတာ
ပိုက်ဆံရှာတာတစ်ခုတည်းမဟုတ်ဘူးလို့
ယူဆထားတယ်။
စီးပွားရေးဆိုတာ spiritual pursuit တစ်ခုပဲ။
ကိုယ်ပိုက်ဆံဘယ်လိုရှာလဲဆိုတာအရေးကြီးတယ်။
မဂ္ဂင်ရှစ်ပါးမှာလဲ သမ္မာအာဇီဝ
မှန်သောအသက်မွေးဝမ်းကျောင်းမှုနဲ့
အသက်မွေးဖို့ ပါတယ်။
နိုင်ငံကို ဒုက္ခရောက်အောင်လုပ်ပြီး
ပိုက်ဆံရှာတာ သမာအာဇီဝ ကျမကျ
လူတိုင်းသိပါတယ်။
သူများတွေကို လိမ်ပြီး
မျက်ရည်ကြီးငယ်ကျအောင်လုပ်ပြီး
စီးပွားရေးလုပ် ငွေရှာတာဟာ
ဗုဒ္ဓအဆုံးအမနဲ့လဲ မညီဘူး။
ဒါကြောင့်ကိုယ်က သမာအာဇီဝနဲ့
စီးပွားရေးလုပ်နေတယ်ဆို
ဒါက ဂုဏ်ယူစရာတစ်ခုပါ။
ငွေကိုဖြစ်တဲ့နည်းနဲ့ရှာမယ်။
နောက်ဘဝပိုကောင်းအောင်
ဖိလှူမယ်ဆိုတာ ဗုဒ္ဓအဆုံးအမနဲ့
မညီဘူးလို့ ထင်တာပဲ။
ချမ်းသာတဲ့သူတိုင်းကို မထင်မကြီးပဲ
သမာအာဇီဝနဲ့ စီးပွားဖြစ်တဲ့သူကိုပဲ
လေးစားအားကျကြတာ
ဒီအချက်ကြောင့်လို့ ထင်တယ်။
ဘယ်လိုအခြေအနေဖြစ်ဖြစ်
ကိုယ့်ရဲ့တန်ဖိုးထားမှုတွေအတွက်
ရပ်တည်တဲ့သူတွေက
လေးစားရမည့်သူတွေဖြစ်နိုင်တယ်။
Phyo Paing @ Derek