ဗုဒ္ဓက သတ္တဝါတွေကို ကယ်တင်ဖို့
လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ခဲ့တယ်။
သတ္တဝါတွေအပေါ်မေတ္တာထားခဲ့တယ်။
ကျွန်တော်တို့က ကိုယ့်နောက်ဘဝကောင်းဖို့
တခြားသူတွေကို ဒုက္ခပေးပြီး ရတဲ့ငွေနဲ့
ဒါနကောင်းရင် နောက်ဘဝကောင်းတယ်ဆိုပြီး
တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးအခေါ်
တချို့ ဝင်ဝင်လာတတ်ကြတယ်။
ဗုဒ္ဓဘာသာကိုးကွယ်ပြီး
မေတ္တာတရားခေါင်းပါးနေတတ်ကြတယ်။
ဗုဒ္ဓက ပစ္စုပ္ပန်ကို အာရုံစိုက်ဖို့
သင်ကြားခဲ့ပေမယ့်
အတိတ်ကံကို ရိုးမယ်ဖွဲ့နေတတ်တယ်။
နောက်ဘဝဆိုတာကြီးကို လိုတာထက်ပို
အာရုံစိုက်နေတတ်ကြတယ်။
Phyo Paing @ Derek