လူတစ်မျိုးရှိတယ်။
ကိုယ့်ကိုကိုယ် အမြဲမှန်တယ်ထင်တာ။
စွန့်ဦးတီထွင်တွေ၊
စွမ်းဆောင်ရည်မြင့်တဲ့သူတွေ၊
စွမ်းဆောင်ရည်မြင့်တဲ့ ဦးဆောင်သူတွေက
ဘယ်တော့မှ သူတို့ကိုယ်သူတို့
အမြဲမှန်တယ်လို့ မထင်ဘူး။
ဒီတော့ ပြုပြင်ပြောင်းလဲရမှာ
ဘယ်တော့မှ မကြောက်ဘူး။
ငါထင်တဲ့ ယူဆချက် assumption တွေ
မမှန်ကြောင်း ရလဒ်တွေကပြတဲ့အခါ
သွားနေတဲ့လမ်းကြောင်း၊
လုပ်ရပ်တွေကို ပြောင်းရဲတဲ့သတ္တိရှိတယ်။
အမြင်သာဆုံးက လီကွမ်းယူပဲ။
သူတို့ချမှတ်ထားတဲ့ စီမံကိန်းတွေ
အလုပ်မဖြစ်တာတွေဖြစ်လာတဲ့အခါ
ခေါင်းခံပြီး ငြင်းမနေဘူး။
ဟုတ်တယ်အလုပ်မဖြစ်ဘူး။
ငါတို့ ဒီကနေ သင်ခန်းစာယူမယ်။
ဘာသင်ခန်းစာတွေရသလဲ။
နောက်တစ်ခါ ဘယ်လိုပိုကောင်းအောင်
လုပ်မလဲ စဥ်းစားတယ်။
ဒါကြောင့် အောင်မြင်ရေး ဖော်မြူလာက
အလုပ်ဖြစ်တာ၊ မဖြစ်တာသိ။
အလုပ်ဖြစ်တာလုပ်တဲ့။
ကိုယ့်ကိုကိုယ် အမြဲမှန်တယ်လို့ထင်တဲ့
သူတွေကြောင့် အဖွဲ့အစည်းက
ရှေ့မရောက်တတ်ဘူး။
Phyo Paing @ Derek