First Principle Thinking ဆိုတာ
ခဏခဏကြားဖူးလိမ့်မယ်။
SpaceX ကို လုပ်တော့ အီလွန်မက်တို့
အသုံးပြုတဲ့ စဥ်းစားတဲ့စနစ်ဆိုပြီး။
ဒါက ဆိုကရေတီးလက်ထက်ကတည်းက
အသုံးပြုခဲ့တဲ့ စနစ်တစ်ခုဖြစ်တယ်။
Aristotle က အခြေခံအယူအဆကို
မေးခွန်းထုတ်ပြီး First Principle Thinking လို့
ဖြစ်လို့လာတယ်။
၂၀၀၅ မှာ နိုဘယ်ဆုရခဲ့တဲ့
အော်စတေးလျ ရောဂါဗေဒပညာရှင်
Robin Warren နဲ့ Barry J. Marshall တို့က
First Principle Thinking အသုံးပြုခဲ့တဲ့
ပုံစံလေး ပြောပြချင်တယ်။
ပုံမှန် ဆေးပညာမှာ အယူအဆတစ်ခုရှိတယ်။
အစာအိမ်က အက်ဆစ်ဓာတ်များတဲ့အတွက်
သန့်စင်တယ် sterile ဖြစ်တယ်ဆိုတဲ့အယူအဆရှိတယ်။
အက်ဆစ်ဓာတ်များတဲ့အတွက်
ရောဂါပိုး ဘက်တီးရီးယားတွေ မရှင်သန်နိုင်ဘူးဆိုတဲ့
အခြေခံအယူအဆရှိခဲ့ကြတယ်။
အစာအိမ်ယောင်တာ၊ အစာအိမ်မှာ အနာဖြစ်ရင်
စပ်တဲ့အစားအစာတွေစားလို့တို့၊
စိတ်ဖိဆီးမှုများလို့တို့ ကြောင့်ဖြစ်တာဆိုတဲ့အယူအဆရှိတယ်။
ဒါကြောင့်ကုသတဲ့အခါ စိတ်ဖိဆီးမှုများဖို့နဲ့
အနာကျက်ဖို့ပဲ အဓိက ကုသကြတယ်။
Robin Warren နဲ့ Barry J. Marshall က
လူနာတွေမှာ H.pylori ဆိုတဲ့ ဘက်တီးရီးယားကို
အသားစယူတော့ တွေ့တယ်။
ဆေးပညာအသိုင်းအဝိုင်းက လက်ခံဖို့ခက်တယ်။
ဘာကြောင့်လဲဆိုတော့ ဆေးပညာရဲ့
အခြေခံအယူအဆကိုက
အစာအိမ်မှာ ဘက်တီးရီးယားတွေ
အကြာကြီးမရှင်သန်နိုင်ဘူးဆိုတဲ့အယူအဆရှိတယ်။
ဒါကို သက်သေပြဖို့ Marshall က သူ့ကိုယ်သူ
H.pylori ဘက်တီးရီးယားကို ထည့်သွင်းခဲ့တယ်။
အစာအိမ်ယောင်တယ်၊ ဖျားတယ်။
H.pylori (အိတ်ပိုက်လော်ရီ) ဘက်တီးရီးယားကို
နှိမ်နှင်းဖို့ ပိုးသတ်ဆေးသောက်တော့မှ
ပျောက်သွားတယ်။
H.pylori (အိတ်ပိုက်လော်ရီ) ဆိုတာ
အစာအိမ်နံရံတွေမှာ ကပ်တဲ့ဘက်တီးရီးယားဖြစ်တယ်။
နောက်ပိုင်းမှာ အစာအိမ်ယောင်တာ၊ အနာဖြစ်တဲ့အခါ
ကုသတဲ့ ပုံစံပြောင်းလဲသွားတယ်။
ဒီလို အခြေခံအယူအဆကို မေးခွန်းထုတ်ပြီး
မှားနေရင် ပြင်ဆင်ဖို့ သက်သေပြတာ
First Principle Thinking ပဲ။
ဥပမာ ကျွန်တော်တို့ ဗုဒ္ဓဘာသာရဲ့
First Principle Thinking က
ဘဝဆိုတာ ဒုက်ခ။
ဒါကို ဆရာတော် Thich Nhat Hanh က
“The Heart of Buddha’s Teaching” စာအုပ်မှာ
ဘဝမှာ ဒုက္ခဆိုတာ ရှိတယ်လို့ဆိုမှ
ကိုယ်လဲ အလင်းပွင့်သွားခဲ့ဖူးတယ်။
ဗုဒ္ဓကို ဒုက္ခတွေနဲ့ကင်းအောင်
နန်းတွင်းထဲ ထားထားပြီး
နိမိတ်ကြီးလေးပါးတွေ့မှ
လောကမှာ ဒုက္ခရှိတယ်၊
ဒုက္ခဆိုတာ တပ်မက်မှုကလာတယ်။
ချုပ်ငြိမ်းရာနေရာရှိတယ်။
နိဗ္ဗာန်လို့ခေါ်တယ်။
ဒါကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်ဆိုတဲ့
သစ္စာလေးပါးဖြစ်လာတယ်။
အယူမှားရင် မိစ္ဆာဒိဠိလို့
ဗုဒ္ဓက ဟောကြားခဲ့တယ်။
အယူမမှားဖို့ အမှားမယူမိဖို့လိုတယ်။
အမှားမယူမိဖို့ ခေါင်းထဲထည့်တဲ့
သတင်းအချက်တိုင်းကို
ကိုယ်ပိုင်ဥာဏ်နဲ့ ပြန်ဆန်းစစ်ဖို့လိုတယ်။
Phyo Paing @ Derek