လုပ်ငန်းရဲ့ DNA ကိုရှာဖွေပါ။
လုပ်ငန်းတစ်ခုမှာ ဓူဝံကြယ် north star ရှိဖို့လိုတယ်။
ဒါမှ ကိုယ်ဘယ်လမ်းကြောင်းသွားနေတယ်ဆိုတာ
ကိုယ့်ဝန်ထမ်းတွေသိမှာဖြစ်တယ်။
ကိုယ့်လုပ်ငန်းက နောက်လေးငါး၊ ဆယ်နှစ်မှာ
ဘယ်ကိုရောက်နေမလဲဆိုတဲ့
အနာဂတ်အမြင် vision ကိုသတ်မှတ်ဖို့လိုတယ်။
ကိုယ့်လုပ်ငန်းရဲ့ရပ်တည်ချက်
ခံယူချက် mission ကိုသတ်မှတ်ဖို့လိုတယ်။
ကိုယ့်လုပ်ငန်းအတွက် အရေးအကြီးဆုံးအရာတွေကဘာလဲ
တန်ဖိုးထားမှု core values တွေကို သတ်မှတ်ဖို့လိုတယ်။
ကိုယ့်လုပ်ငန်းမှာရှိတဲ့ လူတွေ
ဘယ်လိုပုံစံမျိုးပြုမူနေထိုင်ပြောဆိုနေမလဲဆိုတဲ့ credo လိုတယ်။
နောက်ကိုယ့်လုပ်ငန်းရဲ့အနာဂတ်အမြင်ရောက်ဖို့
ဘယ်လိုမဟာဗျူဟာမျိုးနဲ့သွားမလဲဆိုတဲ့
မဟာဗျူဟာကိုပုံပြင်တစ်ပုဒ်လိုပြောပြတဲ့
strategic narrative လိုတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay