အလုပ်ထွက်မည့်သူကို
အသစ်ဝင်မည့်သူအား training ပေးခိုင်းတာ
ဖြစ်နိုင်ရင် မလုပ်တာကောင်းတယ်။
ထွက်တော့မည့်သူက
ကုမ္ပဏီကိုချစ်ကောင်းချစ်လိမ့်မယ်။
ဒါပေမယ့် သူ့မှာ ပိုကောင်းတဲ့ သို့
ပိုကောင်းတယ်လို့ ယူဆတဲ့
အခွင့်အလမ်းတစ်ခုရှိလို့
ကုမ္ပဏီက ထွက်တတ်ကြတယ်။
အဲ့ဒီအချိန် ထွက်မည့်ဝန်ထမ်းကို
အသစ်ဝင်တဲ့ဝန်ထမ်းကို
အစအဆုံးသင်ပေးလိုက်ဆိုပြီး
အလွယ်လုပ်မိတတ်ကြတယ်။
Over ပေးတာပေးလို့ရပေမယ့်
နှစ်ယောက်ထဲလွတ်ထားတာ
ကုမ္ပဏီအတွက် ရေရှည်မကောင်းဘူးလို့
ယူဆတယ်။
ဘာကြောင့်လဲဆိုတော့
လူဟောင်းကထွက်သွားပေမယ့်
လူဟောင်းရဲ့ အိုင်ဒီယာတွေက
လူသစ်မှာ ကျန်နေခဲ့နိုင်တယ်။
ကိုယ်အစွမ်းအစရှိသလောက်ပဲ
ကိုယ့်လုပ်ငန်းတိုးတက်တယ်။
တချို့အတွေအတွက်က
ကိုယ်မပါရင် ကုန်သွားလိမ့်မယ်။
ဒါကို လုပ်ငန်းကို တကယ်လုပ်ဖူးတဲ့
လုပ်ငန်းရှင်တွေပဲ နားလည်လိမ့်မယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay