ဒီနေ့လုပ်နေတဲ့အရာတွေက
ဒီဘဝမှာ အရာမထင်ခဲ့ရင်တောင်
သံသရာ ကားပိုင်းရှည်ထဲက
နောက်အဖြတ်တွေမှာ အကျိုးပေးနိုင်တယ်။
ဒါကြောင့် ဗုဒ္ဓက မှန်ကန်တဲ့အမြင်
အရေးကြီးတယ်လို့ ဟောကြားခဲ့တယ်လို့
ဖတ်မှတ်မိတယ်။
မြန်မာစကားမှာ “ငါကံမကောင်းဘူး” ဆိုတာ
“ငါ့ ကံရဲ့အကျိုးကောင်း မလာသေးဘူး” လို့
ဆိုလို့ရနိုင်တယ်။
ကံ ကံ၏ အကျိုးဆိုတာ ဗုဒ္ဓအဆုံးအမအရ
သက်ဝင်ယုံကြည်ထားတယ်။
လောကီရေးရာအတွက်
ကံသုံးပါးဖြစ်တဲ့
မနောကံ ကို အသုံးပြုပြီး
အနာဂတ်ကိုစိတ်ကူးပုံဖော်တဲ့
Creative visualization ကျင့်သုံးတယ်။
ဝဇီကံကို အသုံးပြုပြီး
ကိုယ်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့
အနာဂတ်အမြင်ကို ခဏခဏပြောတယ်။
Public announcement လုပ်တယ်။
ကာယကံကို အသုံးပြုပြီး
ကိုယ်ဖြစ်ချင်တာတွေဖြစ်လာဖို့
နေ့စဉ်ဖြစ်မြောက်အောင် လုပ်ဆောင်တယ်။
အကောင်အထည်ကို မြန်မြန်ဖော်တယ်။
အလုပ်မဖြစ်တာတွေကို ထားခဲ့တယ်။
အလုပ်ဖြစ်တာတွေကို ဆက်လုပ်တယ်။
ကံအကျိုးမြန်မြန်ပေးအောင်
အကောင်အထည်ဖော်တဲ့ မြန်နှုန်း
Speed of implementation ကိုတင်တယ်။
Phyo Paing @ Derek