လူတွေကို အပြောင်းအလဲလုပ်ပေးတာ
“ပညာရေး”။
ကျွန်တော်ကတော့ model နှစ်မျိုးနဲ့သွားတယ်။
ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက်လေ့လာနိုင်ဖို့
Youtube မှာ 380 ကျော်တင်ထားပေးတယ်။
နောက် drphyopaing .com မှာ
စာအုပ်ထဲမှာ ရေးထားတဲ့
အကြောင်းအရာအကုန်လုံးအပြင်
တစ်သက်လုံးရေးထားသမျှ အကုန်တင်ထားပေးတယ်။
နောက် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့
ဆရာ၊ ဆရာမတွေအတွက်
Modern Teaching Techniques (MTT) ကို
၂၀၁၈ ကစတင်ပြီး Covid-19 မတိုင်ခင်တဲ့
ပညာဒါန မျှဝေပေးခဲ့တယ်။
နောက်တစ်မျိုးကတော့
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်တွေအတွက်
လိုအပ်တဲ့ ငွေကြေးထပ်ရှာဖို့လုပ်ရတယ်။
ဒီမှာ YEC ရဲ့ product တွေဖြစ်တဲ့
Toe Tet, Dream Lab, Akyanpay,
Insidernote App တွေကို အခပေး
business model နဲ့ တည်ဆောက်ထားတယ်။
ကိုယ်ဖန်တီးမှုတွေက လူအများကြီးအတွက်
အကျိုးရှိစေနိုင်မှ ရှိစေလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဖက်က
မျှဝေနေဖို့ပဲလိုတယ်လို့ထင်တယ်။
မြန်မာနိုင်ငံမှာဆို ဆရာကြီးပီမိုးနင်းတို့၊
လူထုစိန်ဝင်းတို့လို ဆရာတွေဆိုရင်လဲ
အရမ်းလေးစားဖို့ကောင်းတယ်လို့ထင်တယ်။
Phyo Paing @ Derek