ကုန်သည်တွေက စျေးကွက်ရဲ့
လောဘနဲ့ သောကကြားမှ
တစ်နေရာက ပစ္စည်း၊ တစ်နေရာရွေ့၊
အချိန်တိုဝယ်ရောင်းလုပ်
အကွက်ရွေ့ရင်း ပိုက်ဆံရှာတယ်။
စီးပွားရေးသမားတွေက
စျေးကွက်လိုအပ်ချက်ကို
ဖြည့်ဆည်းဖို့ ကြိုးစားတယ်။
စွန့်ဦးတီထွင်တွေက
စျေးကွက်ရဲ့ လိုအပ်ချက်ကို
တီထွင်ဆန်းသစ်မှုရှိရှိ ဖြည့်ဆည်းဖို့ကြိုးစားတယ်။
ရင်းနှီးမြုပ်နှံသူက တစ်ရာတန်ကို
ငါးဆယ်နဲ့ရတဲ့အချိန်ဝယ်ပြီး
လူတွေ လောဘတက်တဲ့အချိန်
သူက ထုတ်ရောင်းပြီး၊
လူတွေ ကြောက်တဲ့အချိန်ပြန်ဝယ်လေ့ရှိတယ်။
စိတ်ရှည်တယ်။
ငြင်းရတယ်။
တော်ရုံရင်မခုန်ဘူး။
မြန်မာပြည်မှာ အမှတ်တံဆိပ်တစ်ခုကို
ရေရှည်တည်ဆောက်ဖို့ဆိုတာ
တော်တော်လေး မလွယ်ကူတဲ့ကိစ္စ။
မထင်ထားတဲ့ Black swan ပေါ်လာတဲ့အခါ
လေးလလောက် လှုပ်ခပ်လိုက်တာနဲ့
နှစ်နှစ်စာမြတ်ထားတာ
အသာလေး ပြုတ်သွားနိုင်တယ်။
ဒါကြောင့် မြန်မာလိုနိုင်ငံမှာ
စွန့်ဦးတီထွင်လုပ်
brand and business
အမှတ်တံဆိပ်နဲ့ စီးပွားရေးတည်ဆောက်တဲ့အခါ
ကျစ်လစ်ပြီး
လစဥ်ထွက်ငွေနည်းပြီး Operating expenses
အမြတ်များတဲ့ လုပ်ငန်းမျိုး
စဥ်းစားကြည့်တာ မမှားဘူး။
မဟုတ်ရင် လုပ်လေမြုပ်လေ
လုပ်ငန်းတွေ တွေ့ဖူးမလားမသိဘူး။
လေး၊ ငါး၊ ဆယ်နှစ်ရှိနေပြီ
ဒုံရင်းက ဒုံရင်းပဲ။
ပိုက်ဆံပဲ ရှာနေလို့မရဘူး။
ထိန်းသိမ်းနိုင်ဖို့လဲလိုတယ်။
ပွားနိုင်ဖို့လဲလိုတယ်။
ဒီသုံးခုက တူမလိုနဲ့
စဉ်းစားတဲ့ ပုံစံမတူကြဘူး။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay