နောင်တ မရတဲ့ ဘဝ။
လူအများစု နောင်တရတာ
ကိုယ်ဖြစ်ချင်တဲ့ စစ်မှန်တဲ့ကိုယ်
မဖြစ်ပဲ
ပတ်ဝန်းကျင်ဖြစ်စေချင်တဲ့ သူဖြစ်ခဲ့တာ။
အစွမ်းအစတွေ အကောင်းဆုံးမသုံးမချခဲ့တာ။
အချစ်ရေး၊ မိသားစု၊ ပညာရေး မှာ
အချိန်ပေးသင့်သလောက် မပေးခဲ့တာ။
ဒါတွေကို သင်ခန်းစာမယူတဲ့အခါ
ဆယ်နှစ်ကြာတဲ့အခါ
အိမ်ထောင်ရေး၊ စီးပွားရေးပါတနာ၊
တိုးတက်ရေးတွေမှာ နောင်တထပ်ရတတ်တယ်တဲ့။
ဒါကြောင့် တစ်ခုခု မလုပ်ရင်ဖြစ်လာမည့်
အဆိုးကို စဥ်းစားပြီး negative emotion
စိတ်အနှောက်အယှက်ဖြစ်တာက
ကောင်းမွန်တဲ့ အပြုအမူဖြစ်စေတယ်တဲ့။
ဆေးလိပ်တွေ အလွန်အကျွံသောက်တာ
အနာဂတ်မှာ အဆုပ်ရောဂါဖြစ်မှာကြောက်ရင်
အပြုအမူကောင်းဖြစ်သွားမယ်။
အလားတူပဲ ပညာမတတ်တဲ့အခါ
မျက်နှာငယ်မယ်ဆိုတဲ့ စိတ်ဖြစ်တဲ့အခါ
ပညာကို သေချာ လေ့လာဖြစ်မယ်။
နောင်တမရတဲ့ ဘဝဖြစ်လာဖို့
regret minimization framework ဆိုတဲ့
mental model စဥ်းစားပုံတစ်ခုရှိတယ်။
သူကတော့ Amazon ရဲ့ Founder
Jeff Bezos လဲ အမြဲသုံးတဲ့ စနစ်တစ်ခုဖြစ်တယ်။
အသက် ၈၀၊ ၉၀ ကိုစဥ်းစားကြည့်လိုက်။
ကိုယ့်ဘဝကို ပြန်ကြည့်တဲ့အခါ
ဘယ်အရာတွေကို နောင်တရနေမလဲစဥ်းစားကြည့်။
အရာတစ်ခုကို ဆုံးဖြတ်ချက်ချရခက်နေရင်လဲ
အလားတူပဲ။
ဒီဆုံးဖြတ်ချက်တစ်ခုကို လုပ်လိုက်လိ့ နောင်တရမလား။
မလုပ်လိုက််လို့ နောင်တရမလား။
ဒီအချက်ပေါ်မူတည်ပြီး လုပ်သင့်မလုပ်သင့်
ဆုံးဖြတ်ချက်ချလို့ရတယ်။
တစ်ရက်တာကို
အကျိုးရှိရှိနဲ့ ကိုယ့်အကောင်းဆုံး
မပေးဆပ်လိုက်ရပဲ
အလဟသ အချိန်ကုန်သွားရင်
နောင်တ တော်တော်ရတတ်တယ်။
ဘာသင်ခန်းစာမှ ကောင်းကောင်းမရလိုက်ပဲ
ငွေကြေး ဆုံးရှုံးသွားရင် နောင်တရတတ်တယ်။
နောင်တမရတဲ့ ဘဝဖြစ်ဖို့
တစ်ရက်တစ်ရက်
ကုသိုလ်၊ ဥစ္စာ၊ ပညာ တစ်ခုတော့ရရမယ်
မဟုတ်လား။
ဒါကတော့ Daniel Pink က
သူသုတေသနလုပ်ထားတာကို
Why regrets make us better မှာရေးထားတာဖတ်ရင်း
စဥ်းစာမိတာလေး။
Phyo Paing @ Derek