Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Strategic Ambiguity ကို
မမဆောင်းမဟာဗျူဟာလို့ ခေါ်ရလေမလား။

မမဆောင်းလိုသွားတာကလဲ
မဟာဗျူဟာတစ်ခုပဲ။
ဒါကို နိုင်ငံရေးမဟာဗျူဟာမှာ
Strategic ambiguity လို့ခေါ်တယ်။

ဟုတ်လဲဟုတ်သလို၊ ဟုတ်လဲမဟုတ်ဘူး။

ထိုင်ဝမ်ကို တရုတ်ဝင်တိုက်ရင်
အမေရိကန်က ထိုင်ဝမ်ဖက်က ကူတိုက်ပေးမှာလား။
တိုက်လဲ တိုက်ပေးနိုင်သလို၊
တိုက်လဲ မတိုက်ပေးနိုင်ဘူး။
1970 တည်းက အမေရိကန်က
ဒီမဟာဗျူဟာနဲ့ လာခဲ့တာ။

စီးပွားရေးမှာလဲ ဒီ Strategic ambiguity သုံးပြီး
ဆက်လုပ်လို့ရမည့် ကိုယ့် option တွေကို
ဖွင့်ထားလို့ရတယ်။
ပြိုင်ဖက်တွေက ကိုယ့်ရဲ့ next move ကို
ခန့်မှန်းရခက်တယ်။

ကိုယ်က ဘယ်နယ်ပယ်ပိုင်းမှာ
ပြိုင်ဆိုင် အနိုင်ယူနေသလဲ စဥ်းစားရခက်တယ်။

ဥပမာ Tesla ဆိုပါတော့။
သူ့ကို Elon Musk က Robot on wheels လို့ပြောတယ်။
အများစုက EV လို့မြင်တယ်။
တပြိုင်တည်းမှာ Optimus တို့လို
လမ်းလျှောက်လို့ရတဲ့ Robot တွေရှိတယ်။
နောက် X.Ai လဲရှိသလို၊
Solar City ကို ဝယ်ထားတဲ့
energy နဲ့ battery လဲရှိတယ်။
CEO က နောက် media တစ်ခုပိုင်ထားပြီး
X.ai ကလဲ ရှိသေးတယ်။
နောက်ကွယ်က Starlink တို့လို
ဂြိုလ်တုက အင်တာနက်ပေးတဲ့ကုမ္ပဏီကလဲရှိသေးတယ်။
သူ့ရဲ့ Strategic Move တွေကို
ခန့်မှန်းရ အရမ်းခက်သွားပြီ။

ရွေးချယ်လို့ရတဲ့ option တွေကအများကြီးပဲ။
နောက် Elon Musk မဟာဗျူဟာက
တစ်ခုတည်းလုပ်ပြီး ပြီးသွားတာမျိုးမဟုတ်ပဲ
Edison လိုပဲ Task Unifications ကိုလုပ်တယ်။
တစ်ချက်ခုတ် သုံးလေးငါးချက်ပြတ်အောင်လုပ်တာမျိုး။
SpaceX က Nasa နဲ့ ကုမ္ပဏီတွေ ဂြိုလ်တုလွတ်တင်တာက
ဝင်ငွေရသလို Starlink ကနေလဲ ဝင်ငွေပြန်ရှာတယ်။

တကယ်လို့ အင်နာနက်ကုမ္ပဏီနဲ့၊
Everything platform X နဲ့၊
X.ai နဲ့ robot on wheel နဲ့
မြေတူးပြီး လမ်းဆောက်တဲ့ Boring ကုမ္ပဏီပေါင်းပြီး
တချိန် Neuralink နဲ့ ချိပ်လိုက်ရင်ဘာဖြစ်သွားမလဲ။

Value creation က အစပေါင်းများစွာ
တက်သွားနိုင်သလို
လူတစ်ယောက်ရဲ့ပါဝါကလဲ
နိုင်ငံရေးသမားတွေထက် ပိုကြီးသွားမယ်။

သူ့လို မဟာဗျူဟာ တော်တော်ကျတာ
OpenAI နဲ့ Sam တို့အုပ်စု။
Chatgpt ကနေ store ဖန်တီးတာ
ခဏလေးအတွင်း အကွက်ရွေ့သွားတာတွေက
အရမ်းကြမ်းတယ်။

မမဆောင်းလိုသွားတဲ့ အပိုင်းကလဲ
ခေတ်စားနေတယ်။

X က social media ပဲ လုပ်ချင်တာလိုလို၊
payment လိုလို၊
creator platform လိုလို၊
Everything App လိုလို၊
Grok ပါတဲ့ AI အဓိကသွားမှာလိုလို၊
clubhouse လိုလို၊
ဘာလိုလို၊ ညာလိုလိုနဲ့
ကိုယ်နိုးတဲ့အချိန် ရွေ့ချက်က ကြမ်းသွားပြီ။

Strategic Ambiguity ကို
မမဆောင်မဟာဗျူဟာလို့ ခေါ်ရလေမလား။ 😀

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​