အသက်ကို ဝဝလင်လင်ရှူပြီး
အသက်ရှင်သန်နေရတာ
ကံကောင်းနေသေးတယ်။
ဘဝမှာ ကင်ဆာဖြစ်လို့
သေဖို့ စောင့်နေတဲ့ လူနာတွေ၊
HIV တွေ့တာ စသိလို့
ဘဝကို စိတ်ဓာတ်ကျနေတဲ့
လူနာတွေ။
အဆုပ်တွေ ပျက်စီးလို့
အသက်ရှူမဝ လူနာတွေ။
ဒါတွေနဲ့ ဆယ်စုနှစ်ဝက်တစ်ခုကျော်
မြင်လာ၊ ကြားလာ၊ တွေ့လာတော့
လက်တွေ့ဘဝရဲ့ ပြဿနာတွေကို
ခံနိုင်စွမ်း မြင့်လာတယ်။
Phyo Paing @ Derek