တချို့လုပ်ငန်းတွေက ဝယ်ရောင်း
လုပ်လို့ရတယ်။
တချို့ လုပ်ငန်းတွေက
ဝယ်ရောင်းလုပ်လို့မရဘူး။
ဘာကွာလဲဆို ဦးဆောင်သူအပေါ်
အရမ်းမှီခိုလား၊ မမှီခိုလားဆိုတဲ့မေးခွန်းပဲ။
ဒါကြောင့် လုပ်ငန်းတစ်ခုကို
တချိန်ပြန်ရောင်းဖို့ ရည်ရွယ်ရင်
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း
တည်ဆောက်ထားဖို့လိုတယ်။
ဥပမာ အင်္ဂလိပ်စာ သင်တန်းကျောင်းတစ်ခုဗျာ
တည်ထောင်သူဦးဆောင်ပြီး လည်ပတ်နေတာနဲ့
တည်ထောင်သူ မပါတော့ပဲ လည်ပတ်နေပြီး
လစဥ် ဝင်ငွေရတာနဲ့
တန်ဖိုးဖြတ်တဲ့အခါ
တည်ထောင်သူမပါပဲ လည်ပတ်နေတာကိုပဲ
ဝယ်မည့်သူတွေက ပိုကြိုက်ကြမယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့တော့
အစမ်းကြီးဖြစ်ကောင်းဖြစ်နေနိုင်တယ်။
တကယ်တမ်း နိုင်ငံတကာမှာ
Private Equity Game က တော်တော်တောင်ကြမ်းနေပြီ။
လုပ်ငန်းတစ်ခုကို ကွန်ဒိုတစ်ခုလိုပဲ စဥ်းစားကြည့်။
လုပ်ငန်းဆိုတာ စျေးကွက်ပြဿနာဖြေရှင်းတာ။
စျေးကွက်အကြောင်းအမြဲမျက်စိဖွင့်နားစွင့်ဖို့၊
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ အသစ်ဖန်တီးဖို့၊
အသိပေးဖို့၊ ရောင်းချဖို့၊ ဝန်ဆောင်မှုပေးဖို့၊
ငွေလက်ခံဖို့၊ လည်ပတ်ဖို့
ဒါတွေကို လုပ်ဆောင်ပြီး
လုပ်ငန်းတစ်ခုလုံးကို ကုန်ပစ္စည်းတစ်ခုလိုစဥ်းစားတာ။
ဒါကို Productize လို့ခေါ်ပါတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay