ခန္ဓာကိုယ် အပြင်ကြည့်ချင်ရင်
မျက်စိကို ဖွင့်ရတယ်။
ခန္ဓာကိုယ်ထဲ ကြည့်ဖို့ကျ
မျက်စိမှိတ်ရတယ်။
လောကရဲ့ အမှန်တရားကို
သိပ္ပံနဲ့သက်သေပြဖို့
အာရုံငါးပါး တွက်ချက်မှုဥာဏ်တရားလိုတယ်။
လောကရဲ့ အမှန်တရားကို
အာရုံငါးပါးတွေရဲ့ အလွန်ကိုသွားချင်ရင်ကျ
အာရုံငါးပါး တွက်ချက်မှုဥာဏ်တရားကိုပိတ်
အရှိကို မြင်ကြည့်ဖို့ပဲ လိုတယ်။
လူတိုင်း ကြည့်တိုင်း မမြင်ဘူး။
မြင်တိုင်းလဲ နားမလည်ဘူး။
Phyo Paing @ Derek