ကားအကြောင်းနားမလည်သူက
ကားမှန်သမျှ အကုန်ကားပဲ။
စာအုပ်စာပေအကြောင်းနားမလည်သူက
စာအုပ်မြင်ရင် စာအုပ်ပဲသိတယ်။
လူအကြောင်းနားမလည်သူကလဲ
လူမြင်ရင် ယောကျာ်း၊ မိန်းမ၊ လူမျိုး
ဒီလောက်ပဲ သိမယ်။
အပေါ်ယံအသိတွေပဲရှိတဲ့အခါ
အပေါ်ယံအမြင်တွေပဲရှိမယ်။
အသိ၊ အမြင်ဆိုတဲ့အတိုင်း
မသိရင် မမြင်ဘူး။
အခွင့်အလမ်းမမြင်ဘူး။
အန္တရာယ်မမြင်ဘူး။
ဝေးဝေးကို မမြင်ဘူး။
မှန်ကန်တဲ့အမြင်မရှိရင်
မှန်ကန်တဲ့ အတွေးရှိဖို့မလွယ်ဘူး။
မှန်ကန်တဲ့အတွေး မရှိရင်
မှန်ကန်တဲ့ အလုပ်လုပ်ဖို့ မလွယ်ဘူး။
ကံဆိုတာ အလုပ်
အလုပ်ဆိုတာ ကံဖြစ်တဲ့အတွက်
အသိခေါက်ခက် အဝင်နက်လို့
ရှေးမြန်မာလူကြီးတွေက ဆိုကြတယ်။
အသိကြွယ်ဖို့ သတိနဲ့
သင်ယူတိုးတက်နေဖို့လိုနိုင်တယ်။
Phyo Paing @ Derek