အောင်မြင်ဖို့ မြင်အောင် ကြည့်ဖို့လိုတယ်။
အမြင့်မတူရင် အမြင်က မတူပြန်ဘူး။
နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။
အရေးမပါတာကို အရာမပေးဖို့လိုတယ်။
ပလန်မရှိရင် ပက်လက်လန်မယ်။
ဒီလိုစာရေးနည်းကို chiasmus လို့ခေါ်တယ်။
ကျွန်တော် တွေးရတာကြိုက်တယ်။
စာလုံးပေါင်းတွေ မှန်အောင်ကြိုးစားရင်း
ရေးရတာလဲ ကြိုက်တယ်။
တွေးတဲ့ အခါ
ရေးတဲ့အခါမှာလဲ
နည်းစနစ်တွေရှိတဲ့အတွက်
Chiasmus နည်းသုံးပြီး
အတွေးအခေါ် တချို့ ရေးမိတယ်။
Phyo Paing @ Derek