ဆန္ဒတွေရဲ့ သဘောတရားက
မီးနဲ့တူတယ်။
လောင်စာထည့်လေလေ
မီးကြီးလာလေလေ။
ကိုယ့်ဆန္ဒက ကိုယ့်နေ့စဥ်နေထိုင်တဲ့ဘဝ
နွေးရုံလောက်ဆို ကောင်းတယ်။
ကိုယ့်ဆန္ဒက ကိုယ့်နေ့စဥ်နေထိုင်တဲ့ဘဝ
ပူလောင်စေတယ်ဆို မကောင်းဘူး။
ရည်မှန်းချက်ကြီးတာ ကောင်းတယ်။
ရည်မှန်းချက်နဲ့ ကျွမ်းကျင်မှု
အစွမ်းအစ ကိုက်ညီနိုင်ရင်ပိုကောင်းတယ်။
ကြီးမားတဲ့ ရည်မှန်းချက်တွေအတွက်
အစွမ်းအစတွေကလဲ တိုးတက်နေမှရမှာ။
လူတွေက ကိုယ်လိုချင်တာရတာမဟုတ်ဘူး။
လူတွေက ကိုယ်နဲ့ ထိုက်တန်တာပဲရတာ။
အဲ့လို ပြောရင် မမှားဘူးထင်တယ်။
Phyo Paing @ Derek