တခြားသူတွေကို ကယ်ချင်ရင်
ကိုယ့်ကိုယ်ကိုယ် အရင်ကယ်။
နေ့စဥ်နေ့တိုင်း ကိုယ့်ဆီ
လူတွေ အမှိုက်လာပစ်လိမ့်မယ်။
ကိုယ်က ဒီအမှိုက်တွေယူပြီး
ဒေါသတွေထွက်၊ မောဟအနေနဲ့ပြောင်းသွားတယ်။
ဒီအမှိုက်တွေကို ခြေဖျက်နိုင်တဲ့ စွမ်းအားလိုတယ်။
တချို့က မေတ္တာနဲ့ ခြေဖျက်တယ်။
တချို့က မှန်တာပဲလုပ်တယ်။
ဘယ်သူဘာပြောပြောမမှုဘူးဆိုတဲ့ သစ္စာနဲ့လုပ်တယ်။
တချို့က ဘူကောင်တွေကိုရှောင်တယ်။
ဥပက္ခာနဲ့လုပ်တယ်။
တချို့က လုပ်ပါစေ။
ငါအနစ်နာခံလိုက်မယ်ဆိုတဲ့ အနစ်နာနဲ့လုပ်တယ်။
တချို့က အတွေးအခေါ် ဒဿနနဲ့
အမှိုက်ကို ရွှေပြန်ပြောင်းတယ်။
နေ့စဥ် လူတွေ အမှိုက်လာပစ်လိမ့်မယ်။
တချို့က အနီးဆုံးသူတွေဆီကလာတယ်။
တချို့က အလုပ်ခွင်ထဲက။
တချို့က လူမှုကွန်ယက်က။
ဒီလို အမှိုက်လာပစ်တဲ့အခါ
ခြေဖျက်နိုင်တဲ့ စူပါပါဝါရှိထားမှ
ဘဝက နေပျော်ပျော်၊ မပျော်ပျော်
အနေတော် ဖြစ်မှာ။
Phyo Paing @ Derek