ပစ္စုပ္ပန်နဲ့ အဆင်ပြေမှ
ဘဝက နေသာထိုင်သာရှိတာ။
ခန္ဓာက ကျန်းမာနေကောင်းကျန်းမာနေမယ်။
စိတ်မထားတတ်ရင်
ပစ္စုပ္ပန်နဲ့ သဟဇာတမဖြစ်တတ်ဘူး။
စိတ်ကို အတိတ်ကိုသွား
အပြစ်တင်နေတာဖြစ်ရင်ဖြစ်မယ်။
အနာဂတ်ကိုစဉ်းစား
စိုးရိမ်နေတာဖြစ်ရင်ဖြစ်မယ်။
ပစ္စုပ္ပန်နဲ့ သဟဇာတဖြစ်ဖို့
အသက်ရှူတဲ့နှာသီးဖျားကို
စိတ်လေးပြန်လာ
သတိလေးနဲ့ အသက်ရှင်နေတာ
အသိလေးဝင်လာရင်
အဆင်ပြေလာလိမ့်မယ်။
သဘာဝအတိုင်း ဖြစ်လာပျက်လာတဲ့
ကိုယ့်ထိန်းချုပ်မှုအောက်မရှိတဲ့အရာတွေကို
အလိုမကျ မဖြစ်ပါနဲ့။
ဒါဟာ ဘဝပါလို့တခါတခါ
ကိုယ့်ကိုကိုယ် တိုးတိုးလေးပြောကြည့်။
Phyo Paing @ Derek