Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဆုံးဖြတ်ချက်မှားမှာကြောက်ပြီး ဘာမှမလုပ်ဘဲ မနေပါနဲ့။

Perspectives

ဆေးတက္ကသိုလ်တက်၊ Engineer တက်လိုက်တဲ့အတွက် ၆ နှစ် ၇ နှစ် အချိန်အလဟသ ကုန်သွားတယ်လို့ပြောတာ လုံးဝ မှားတယ်။ ဘာပဲတက်ခဲ့တက်ခဲ့ သင်လုံးဝမမှားပါဘူး။ ဘာကြောင့်လဲဆို knowledge transfer လုပ်လို့ရတဲ့အတွက်ဖြစ်တယ်။ ဘာသာစကားသုံးမျိုးလောက်တတ်သွားရင် နောက်တစ်မျိုးထပ်လေ့လာဖို့က သိပ်မခက်တော့ဘူး။ တချို့က တစ်ခုခုလုပ်တော့မယ်ဆို ဆုံးဖြတ်ချက်မှားမှာ သိပ်ကြောက်ကြတယ်။ 

ကျွန်တော် ဆေးကုမ္ပဏီထွက်ပြီး ဖုန်းဆိုင်ဖွင့်ခဲ့တဲ့အခါ SME တွေ ဘယ်လိုစဥ်းစားတယ်သိလာတယ်။ MNC မှာ ဝင်လုပ်တဲ့အခါ corporate တွေဘယ်လိုလုပ်သလဲသိလာတယ်။ ဆုံးဖြတ်ချက်မှားမှာ မကြောက်ပါနဲ့။ Steve Jobs ပြောသလို You can only connect the dots by going backward တဲ့။

Nike ရဲ့ slogan လိုပဲ Just Do It ပါ။

နောက် ကိုယ့်ကိုကိုယ်ဘယ်တော့မှ အပြစ်မတင်ပါနဲ့။ ဂျပန်စာရေးဆရာ Haruki Murakami က Norwegian Wood ထဲမှာရေးထားသလို Don’t feel sorry for yourself. Only as*holes do that တဲ့။

Phyo Paing @ Derek

Share Your Idea!​