တစ်ခုကိုပဲလုပ်။
အဲ့တစ်ခုအောင်မြင်ရင်
ကိုယ့်ပြိုင်ဖက်တွေကို
နောက်ဆယ်နှစ်နေရင်
ချန်ထားခဲ့လို့ရမယ်ဆို
အဲ့တစ်ခုက ဘာဖြစ်မလဲ။
ကိုယ်ကမပြိုင်ချင်ပေမယ့်
ကိုယ့်ကိုလာပြိုင်တဲ့
ပြိုင်ဖက်တွေရှိတတ်တယ်။
ကျောင်းမှာ၊
အလုပ်မှာ၊
စီးပွားရေးမှာ။
အဲ့လိုအချိန်တိုင်းမှာ
ကိုယ့်ကိုကိုယ်မေးတဲ့မေးခွန်းက
“ငါတစ်ခုပဲလုပ်မယ်။
အဲ့တစ်ခုအောင်မြင်ရင်
သူတို့မလိုက်နိုင်အောင်
ချန်ထားခဲ့နိုင်မည့်တစ်ခုက
ဘာများဖြစ်မလဲ။”
ဒီမေးခွန်းအမြဲမေးတယ်။
ဒီတစ်ခုက ဆယ်နှစ်ကြာရင်ကြာမယ်။
နှစ်နှစ်ဆယ်ကြာရင်ကြာမယ်။
ကျောင်းတုန်းမှ
ထူးချွန်ထက်မြတ်ပြိုင်တဲ့သူတွေ
ချန်ခဲ့အောင်။
အလုပ်ခွင်မှာ ကိုယ့်ကိုပြိုင်တဲ့သူတွေကို
အဝေးမှာချန်ခဲ့အောင်။
စီးပွားရေးမျာ စျေးအမြဲလာမေး
ကိုယ့်ကို အာရုံနောက်အောင်
လာလုပ်တဲ့ သူတွေချန်ခဲ့အောင်
တိုက်ရိုက်မပြိုင်နဲ့။
သေချာတာတစ်ခုက
တိုက်ရိုက်ဘယ်တော့မှမပြိုင်နဲ့။
မဟာဗျူဟာကောင်းတဲ့သူတိုင်းက
ဘယ်တော့မှ တိုက်ရိုက်မပြိုင်ဘူး။
မပြိုင်ဘဲ နိုင်အောင်ဘဲလုပ်သွားတယ်။
Phyo Paing @ Derek