ရက်ပေါင်း ၃ သောင်းလောက်
သံသရာတစ်ကွေ့မှာ
လူအနေနဲ့ လာဖြစ်တာ
ဖြစ်သမျှ ပျက်သမျှကို
အရမ်းစွဲလမ်းပြီး
ငါ၊ ငါ၊ ငါ၊ ငါ
ငါ့သား၊ ငါ့သမီး၊ ငါ့ဥစ္စာ။
အလွန်အကျူးလိုတာထက်ပို
တပ်မက်မှုကို “မောဟ” လို့ခေါ်တယ်။
မောဟဆိုတာ
အမှန်တရားကို မသိခြင်း၊
အသိဉာဏ်ကင်းမဲ့ခြင်းဖြစ်တယ်။
အာဏာရူးမယ်။
ခဏတာပိုင်ဆိုင်မှုအတွက်
မလုပ်သင့်တာတွေကိုလုပ်မယ်။
အဝိဇ္ဇာဖြစ်မယ်။
အကုသိုလ်ကြီးတစ်ခုဖြစ်တယ်။
တပ်မက်မှု ငါအစွဲကြီးလွန်းတဲ့အခါ
လိုချင်တာတွေကို
ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်၊
မထိုက်တန်လဲရချင်တယ်။
ကိုယ်နဲ့မထိုက်တန်ပဲ၊
ကိုယ့်ဟာမဟုတ်ပဲရချင်တာ
လောဘလို့ခေါ်တယ်။
လောဘရဲ့သဘောက
တခါရပြီးရင်
မတော်မတရား ထပ်ရချင်တတ်တယ်။
အရမ်းကိုတပ်မက်စွဲလမ်းပြီး
လိုချင်တာမရတော့ ဒေါသဖြစ်မယ်။
ဒေါသနောက်က
အကုသိုလ်တွေပြန်လိုက်တယ်။
ဒါကြောင့် ဗုဒ္ဓက
လောဘ၊ ဒေါသ၊ မောဟ
ဒီအကုသိုလ်သုံးပါးကိုရှောင်ဖို့
ဆုံးမခဲ့တယ်။
ကိုယ်မုန်းတဲ့သူပဲဖြစ်ဖြစ်၊
ချစ်တဲ့သူပဲဖြစ်ဖြစ်
အရာရာက ခဏတာပဲ။
ပုံပြင်ထဲမှာ ရက်ပေါင်း ၃ သောင်း
နှစ် ၈၀ လောက်လာနေကြတာ။
မှတ်မိနေတဲ့ အတိတ်က
ငါ ငါ ငါ ငါ ဆိုတဲ့ အတ္တကိုဖြစ်နေတယ်။
ငါဆိုတာခဏပဲ။
ဒါကြောင့် အနတ္တ။
နတ္တိ၊ မရှိလို့ခေါ်တယ်။
လောကမှာ ထာဝရမပြောင်းလဲတဲ့
အမှန်တရားက
အနိစ်စ၊ ဒုက်ခ၊ အနတ်တ။
ဒီလိုပြောရင် တောထွက်ပါလား
ပြောလိမ့်မယ်။
ဒါကြောင့် တောလေးတစ်ခုထဲ
နှစ်လထွက်လာခဲ့တယ်။
Phyo Paing @ Derek