Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ရေရှည်သွားမည့် ခရီးလမ်းမှာသက်လုံကောင်းဖို့လိုတယ်။ခြေကုန်လက်ပန်းမကျဖို့လိုတယ်။

တိုးတက်ဖို့အတွက်
ရုန်းကန်နေစရာမလိုဘူး။
Comfort Zone ထဲက
ခုန်ထွက်မှ မဟုတ်ဘူး။

ဘဝကို အထာကျကျနဲ့
နေ့စဥ်စိန်ခေါ်မှုတွေကို
တဖြေးဖြေးတိုးသွားလို့ရတယ်။
Comfort Zone ကို
တဖြေးဖြေးချဲ့သွားလို့ရတယ်။

တချို့တွေကျတော့
Comfort Zone ထဲကထွက်ဆိုပြီး
လူရှေ့စကားထွက်ပြောဖို့
ကုတ်အင်္ကျီကြီးဝတ်
ခဏတစ်ဖြုတ်ထွက်တယ်။
လူမှုကွန်ယက်မှုတင်မယ်ဆိုပြီး
ဗီဒီယို၊ စာ၊ ဓာတ်ပုံ ခဏတင်တယ်။
ပြီးတော့ ချက်ချင်းအရာမထင်တာ့
Comfort Zone ထဲပြန်ဝင်တယ်။

ရေရှည်သွားမည့် ခရီးလမ်းမှာ
သက်လုံကောင်းဖို့လိုတယ်။
ခြေကုန်လက်ပန်းမကျဖို့လိုတယ်။

ဒါကြောင့် Flow လို့ခေါ်တဲ့
အထာကျကျနဲ့
အရာရာစီးဆင်းတဲ့ဘဝဖြစ်ဖို့
Comfort Zone ကို
နေ့စဥ် ချဲ့သွားခြင်းသည်
ရေရှည်တိုးတက်ခြင်းအတွက်
ပိုပြီးအထောက်အကူပြုတယ်လို့ထင်တယ်။

Phyo Paing @ Derek

Share Your Idea!​