Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Life-long learning အရေးကြီးတယ်။

သင်ယူမှုဆိုတာ
တမင်တကာ လေ့ကျင့်ရတယ်။

အမြင်သာဆုံးက
ထိုင်းမှာနေလဲ
အလိုအလျောက်
ထိုင်းစကားမတတ်သွားဘူး။

ဘာကြောင့်လဲဆိုတော့
သင်ယူမှုပြုလုပ်တဲ့အခါ
ဦးနှောက်က စနစ် ၂
System II ကို အသုံးပြုတယ်။
ဒါက Thinking Fast and Slow ကို
ရေးသားခဲ့တဲ့
Daniel Kahneman ရဲ့
သီအိုရီနဲ့ ကြည့်တာ။

လူတွေမှာ အလိုအလျောက်
စဥ်းစားတဲ့ System I ဆိုတာရှိတယ်။
ဆရာကြီးဥပမာပေးတာက
တင်းနစ်ရိုက်တဲ့
Bat ဘတ်တံ နဲ့ Ball ဘောလုံး
နှစ်ခုပေါင်းရင် $1.1 ကျတယ်။
Bat ဘတ်တံက
Ball ဘောလုံး ထက်
$1 ပိုများတယ်။
ဒါဆို Ball လုံးတစ်လုံး
ဘယ်လောက်ကျမလဲ။

ပုံမှန်အားဖြင့်
အလိုအလျာက် System I နဲ့သွားရင်
Bat ဘတ်တံက
Ball ဘောလုံးထက်
$1 များမှတော့
Ball ဘောလုံးက $0.1 ပေါ့။
ကလေးမေးတောင်သိတယ်။
ဒီလိုပြောလိမ့်မယ်။

မှားတယ်။
တချို့အရာတွေက
စိတ်တွက်နဲ့မရဘူး။
သေချာစဥ်းစားရတယ်။
မဟုတ်ရင် မှားလိမ့်မယ်။
Bat ဘတ်တံက $1 လို့ပြောတာမဟုတ်ဘူး။
Bat ဘတ်တံက $1 ပိုများတယ်လို့ပြောတာ။

စနစ် ၂ System II နဲ့
စဥွးစားတဲ့အခါ
Bat ဘတ်တံ + Ball ဘောလုံး = $1.1
($1 + Ball ဘောလုံး) + Ball ဘောလုံး = $1.1
Ball ဘောလုံး = $0.05

တချို့ကိစ္စတွေက
အလိုလိုသိစိတ် System I နဲ့
အော်တိုဖြေရှင်းလို့ရတယ်။
တချို့ကိစ္စတွေက System II
သေချာစဥ်းစားဖြေရှင်းရတယ်။

ပညာသင်ယူတယ်ဆိုတာ
စနစ် ၁ System I နဲ့ သုံးလို့ရအောင်
စနစ် ၂ System II ကို ပြုစုပျိုးထောင်ပေးတာ။

စက်ဘီးစီးသလိုပဲ။
စက်ဘီးမစီးတတ်ခင်
လက်လွတ်စီးရင် မှောက်မှာပဲ။

ပညာသင်ယူတဲ့အခါ
သင်ပန်းတယ်။
ပင်ပန်းသလို အကျိုးကျေးဇူးလဲ
ပြန်ရမယ်။

Life-long learning အရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​