အဖြစ်အပျက်တွေက ကိုယ်ဖြစ်စေချင်သလို
မဖြစ်လာတဲ့အခါ စိတ်မညစ်လိုက်ပါနဲ့။
ကိုယ့်မိဘ၊ သားသမီး၊
ချစ်သူရည်းစားလင်မယား၊
အဖြစ်အပျက်၊ ဘဝဖြတ်သန်းခဲ့မှု။
ဒါတွေအကုန်လုံးမှာ ကြီးမားတဲ့
နောက်ကွယ်က အဓိပ္ပာယ်တွေရှိတတ်တယ်။
လူတိုင်းကတော့ အကောင်းဆုံးတွေပဲ
ဖြစ်စေချင်ကြတာပဲ။
တခါတလေ ကိုယ်ထင်ထားတဲ့
အကောင်းဆုံးထက်
အကောင်းဆုံးဖြစ်အောင်
စီစဉ်ထားတာမျိုးဖြစ်တတ်တယ်။
ဥပမာ ကိုယ့်ကိုစိတ်ဒုက္ခပေးတတ်တဲ့
အနီးဆုံးသူတွေဆီက
သာမန်ထက်နက်နဲတဲ့အသိရတတ်သလိုမျိုး။
တချို့အရာတွေက ကိုယ်လိုချင်တာမရတဲ့အခါ
ပိုကောင်းတာမျိုးရလာတတ်တယ်။
ဒီလိုကြုံဖူးလားမသိဘူး။
ငယ်ငယ်က ကိုယ်အရမ်းလိုချင်တဲ့အရာတစ်ခု
ရူးရူးသွပ်သွပ်လိုချင်တယ်။
မရခဲ့ဘူး။
ယူကြုံးမရဖြစ်တယ်။
နောက် သူ့ထက်ပိုကောင်းတဲ့အရာတွေရလာတယ်။
တချို့သူတွေကြုံဖူးလိမ့်မယ်။
လိုချင်တာမရရင်ပိုကောင်းတာရလာတတ်တယ်။
အရာရာပိုကောင်းဖို့ ဖြစ်လာတာပါလို့
နှလုံးသွင်းကြည့်ရင်
အဖြစ်အပျက်တွေကို လက်ခံတတ်လာပြီး
ဘဝရှေ့ဆက်ရတာ ပိုအေးချမ်းလာနိုင်တယ်။
Phyo Paing @ Derek